NYM-1

72.4K 3K 22
                                    

Zawgyi

နှုတ်ခမ်းနားရောက်လုလု ဝိုင်ခွက်လေးက တစ်စုံတစ်ယောက်ရဲ့ ပုတ်ထုတ်ခြင်းကြောင့် ကြမ်းခင်းပေါ် လွင့်စင်သွားရကာ ခွမ်းခနဲ။

"ရှောင်းကျန့် မင်းတကယ် ဘာဖြစ်ချင်နေတာလဲ ဟမ်! ငါ့ကိုပြော"

ဒေါသသံတွေ ရောယှက်နေတဲ့ ထိုသူရဲ့စကားသံအဆုံး ရှောင်းကျန့် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်တယ်။
မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်နေတဲ့ မျက်စိရှေ့က
ထိုလူသားကို ခနဲ့သလိုလေး ရယ်ပြလိုက်ရင်း။

"ငါတကယ်ကို ဘာဖြစ်ချင်နေလဲ မင်းလဲသိသားပဲ ဝမ်ရိပေါ်"

"မင်း ကွာ မင်း.."

ပြောစရာစကားတို့ ပျောက်ရှသွားတဲ့ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ကို စိတ်ကုန်သလို ကြည့်လာတယ်။ တစ်ဆက်တည်းမှာပဲ ဝမ်ရိပေါ်ရဲ့ မျက်ဝန်းတွေက တစ်စုံတစ်ခုကို ခယပြီး တောင်းဆိုချင်နေသလိုမျိုး။

"မင်းငါ့ကို စိတ်ကြိုက် မုန်းလို့ရပေမယ့် ဘာမှအပြစ်မရှိတဲ့ ကလေးကိုတော့ ထိခိုက်အောင်မလုပ်ပါနဲ့လား၊ ငါတကယ်ကို တောင်းဆိုနေတာပါ ရှောင်းကျန့်"

ထိုစကားကို ကြားတော့ ရှောင်းကျန့် ဟက်ခနဲရယ်တယ်။
ထို့နောက် အံကိုဖိကြိတ်ရင်း။

"ကလေး..? အဲ့ဒီကလေးက ငါ့ဆန္ဒမပါပဲ မင်းအဓမ္မလုပ်ယူထားတဲ့ ကလေးလေ၊ ငါကဘာကိစ္စနဲ့ ထိခိုက်အောင်မလုပ်နိုင်ရမှာလဲ"

တင်းခံထားတဲ့ကြားက တလိမ့်လိမ့်ကျလာတဲ့ မျက်ရည်တွေဟာ ဝမ်ရိပေါ်ကို ဘယ်လောက်ထိ နာကြည်းမုန်းတီးနေကြောင်း ရှောင်းကျန့်ရဲ့သက်သေတွေ။

"ငါမှားခဲ့တယ်ရှောင်းကျန့်၊ အားလုံးငါ့အပြစ်တွေ၊ ဒါပေမယ့်
ဗိုက်ထဲက ကလေးကတော့ ဘာအပြစ်မှမရှိတဲ့အတွက် ကျေးဇူးပြုပြီး"

"ကျစ် သွားစမ်းပါ၊ မင်းရဲ့သွေးနဲ့ဖြစ်တည်နေတာကိုက အဲ့ကလေးရဲ့ အပြစ်ပဲ၊ မင်းကိုမုန်းသလို အဲ့ကလေးကိုလည်း ငါချစ်မယ်မထင်လိုက်နဲ့"

စကားလုံးတွေနဲ့ အနိုင်ပိုင်းပြီး ခြေဆောင့်ထွက်သွားတဲ့ ရှောင်းကျန့်ကို ရိပေါ် မျက်စိတဆုံးသာ ကြည့်နေလိုက်နိုင်တယ်။
ရှောင်းကျန့်ဟာ ရိပေါ်ရဲ့ ရင်သွေးကိုလွယ်ထားရကြောင်း သိတဲ့နေ့ကစလို့ ရှောင်ရမယ့် အရာမှန်သမျှကို ရိပေါ်အရှေ့မှာတင် တမင်အရွဲ့တိုက်ပြီး လုပ်ပြတတ်တယ်။

ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now