NYM-15

27.7K 2.5K 83
                                    

Zawgyi

အနေအေးတဲ့ ရိပေါ်ဟာ ဒီနေ့ အိမ်ပြန်ချိန်ခြေလှမ်းတွေ မူမမှန်ခဲ့ဘူး။
အသိစိတ်မျှင်းမျှင်းရှိသေးပေမယ့် ထောင်းထနေတဲ့ အရက်နံ့တွေက ဝါရင့် အရက်သမားကြီးတစ်ယောက်လိုမျိုး။

ရှောင်းကျန့်နဲ့ ရင်သွေးလေးအပေါ် အပြစ်မကင်းသလို ခံစားနေရတဲ့ ရိပေါ်က အရက်သောက်ခြင်းကို စိတ်ထွက်ပေါက်အဖြစ် အသုံးချခဲ့ပုံပဲ။

အချိန်ပြည့်တွန်းဖွင့်နိုင်တဲ့ တံခါးပေမယ့် အချက်ပေးဘဲလ်ကိုသာ ရိပေါ် တရစပ်နှိပ်နေခဲ့တယ်။

"သခင်လေးဝမ် ဘာလို့အဲ့လောက်တောင် သောက်လာရတာလဲကွယ်"

ဒေါ်ကြီးက ရိပေါ်ကို ကူတွဲပေးရင်း စိတ်မကောင်းစွာ ငဲ့ကြည့်တယ်။
အခြေအနေအားလုံးကို ဒေါ်ကြီးလည်းသိနေတာမို့ ဒေါ်ကြီးရင်ထဲလည်း ဆို့နင့်နေရုံကလွဲပြီး တခြားတတ်နိုင်တာမှ မရှိခဲ့ဘဲ။

"ရှောင်းကျန့် ရှောင်းကျန့်ရော"

"ကျန့်ကျန့်က"

ဒေါ်ကြီး စကားမဆုံးခင် ရှောင်းကျန့် အနားရောက်လာတယ်။
ဒါက သူ့မျက်စိရှေ့ အသိစိတ်ကင်းမဲ့လောက်အောင် မူးရူးနေတဲ့ ရိပေါ်အသွင်ကို ဒုတိယအကြိမ်မြောက် ပြန်ပြီးမြင်ရခြင်း။

မတူညီတဲ့ အချက်ဆိုလို့ မင်္ဂလာဦးညက ရိပေါ်ဟာ ကြောက်စရာကောင်းနေခဲ့သလောက် အခုရိပေါ်ရဲ့ ပုံစံက ဝမ်းနည်းမှုတွေအပြည့်။

မျက်ရည်စီးကြောင်းတွေနဲ့ ရိပေါ်ရဲ့မျက်နှာလေးက ရှောင်းကျန့်နှလုံးသားကိုပါ မသိမသာလေး လှုပ်ခတ်သွားစေတယ်။

"ကျွန်တော်ပါ ကူတွဲပေးမယ်လေ"

ယိမ်းထိုးနေတဲ့ ရိပေါ်ခန္ဓာကိုယ်ကို ဒေါ်ကြီးက မနိုင်မနင်းတွဲပေးနေရတော့ ရှောင်းကျန့်ပါ ကူတွဲပေးဖို့လုပ်တယ်။

"နေပါစေ၊ ကျန့်ကျန့်က မပေါ့မပါးကြီးနဲ့ဟာ "

"ဒီလောက်ကတော့ ရပါတယ် ဒေါ်ကြီး"

ဒေါ်ကြီးနဲ့ ရှောင်းကျန့် ဘေးတစ်ဖက်စီက ကူတွဲရင်း ရိပေါ်ကို ခုတင်ပေါ် အသေအချာ နေရာချပေးလိုက်ကြတယ်။
မျက်လုံးပွင့်မလာတဲ့ ရိပေါ်ကတော့ လေးလံအက်ကွဲနေတဲ့ အသံကြီးနဲ့ စကားတစ်ခွန်းတည်းကိုသာ ထပ်တလဲလဲ ရေရွတ်နေခဲ့တယ်။

ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈTempat cerita menjadi hidup. Temukan sekarang