NYM-17

28.4K 2.4K 76
                                    

Zawgyi

သုံးလဆိုတဲ့ အချိန်ကာလလေး အတောတွင်း အဖြစ်အပျက်တော်တော်များများဖြစ်ပျက်ခဲ့တယ်။
လွန်ခဲ့တဲ့ တစ်လလောက်ကပဲ ရှန်ယိက ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တယ်တဲ့။ သူမလို စရိုက်မျိုးနဲ့ အချုပ်ထဲ အချိန်ကြာကြာသည်းခံနေနိုင်လိမ့်မှာ မဟုတ်မှန်း ရိပေါ် အစကတည်းက တွေးမိပြီးသား။

သတင်းကြားကြားချင်း စိတ်မကောင်းမိပေမယ့် သူမရဲ့ လုပ်ရပ်တွေက သနားပေးဖို့တောင်မှ မထိုက်တန်ခဲ့ဘဲ။

ရှောင်းကျန့်အပေါ် လုပ်ကြံခဲ့တဲ့ ကိစ္စကိုတော့ ရိပေါ်တစ်ယောက်တည်းသာ သိထားတယ်။ ကံကောင်းထောက်မစွာနဲ့ ရှောင်းကျန့်ကိုယ်တိုင်ကိုက ထိုကိစ္စနဲ့ ပတ်သတ်လို့ မည်သည့်မေးခွန်းကိုမှ မမေးခဲ့ခြင်း။

အကယ်၍များ မေးလာခဲ့ရင် ရိပေါ်ဘယ်လို စကားတွေနဲ့ဖြေပေးရပါ့မလဲ။ အရာအားလုံးဟာ သူ့တစ်ယောက်တည်းကြောင့်သာ အစပြုခဲ့တာမဟုတ်လား။

"ရိပေါ် ငါ့ကို ဒါလေးပြန်ဆက်ပေးပါဦး"

အပိုင်းပိုင်းအစစဖြစ်နေတဲ့ ဆိုင်ကယ်အရုပ်လေးကို ရိပေါ်လက်ထဲအတင်းထိုးထည့်ရင်း နှုတ်ခမ်းထော်ကာ ရေရွတ်လာတဲ့ ရှောင်းကျန့်။ ကိုယ်ဝန်လရင့်လာသလောက် ရှောင်းကျန့်က ဆိုင်ကယ်အရုပ်တွေ စကိတ်ဘုတ်သေးသေးလေးတွေနဲ့ပဲ အလုပ်ရှုပ်နေတတ်တယ်။

ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက ဗိုက်ထဲက ဝမ်ပိစိဟာ အထီးလေးဖြစ်မှန်း သိခဲ့ရပြီး အဲ့ကစလို့ ဝမ်ဒယ်ဒီဟာ သူငယ်ငယ်က ကြီးပြင်းခဲ့တဲ့အတိုင်း ဆိုင်ကယ်အရုပ်တွေ စကိတ်ဘုတ်တွေ ဝယ်ပြီးစုဆောင်းတော့တာပဲ။

ရှောင်းကျန့်ကတော့ ကလေးအတွက် ဝယ်ထားပေးတဲ့အရုပ်တွေကို ဒိုင်ခံဆော့ပေးတယ်။ ဖျက်ဆီးပေးတာဆိုရင် ပိုမှန်မယ်။

"ဟင်း မနေ့ကပဲ ဖျက်ဆီးပြီးလို့ ပြန်ဆက်ပေးပြီးသွားပြီလေ၊ အခုလည်းထပ်ပျက်ပြန်ပြီလား"

ပြုံးစိစိနဲ့ ရိပေါ်ရေရွတ်တော့ ရှောင်းကျန့်က မျက်စောင်းတခဲခဲနဲ့ နှုတ်ခမ်းစူတယ်။

"မင်းငါ့ကို စိတ်မရှည်ဘူး"

"ဟောဗျာ"

ငိုမဲ့မဲ့ဖြစ်လာတဲ့ အဆိုးလေးကို ရိပေါ်က တယုတယလက်ဆွဲပြီး သူ့ပေါ်ပေါ်ထိုင်စေလိုက်တယ်။
ခုနှစ်လကျော်ကျော် ဗိုက်ပူပူလေးနဲ့ရှောင်းကျန့်က ထင်သလောက် အလေးချိန်စီးမနေခဲ့ဘူး။

ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now