Three-year-old Wang YiZhan (Extra)

21.9K 2.4K 110
                                    

Zawgyi

ဝမ်ရိကျန့်လေး သုံးနှစ်သားအရွယ်~

သွားစုံအောင်မပေါက်သေးတဲ့ ဝမ်ပိစိဟာ လုံးတုံးလုံးတုံးကလေး ပြေးတတ်နေပြီ။ တစ်ခါတစ်လေ ခြေမခိုင်သေးလို့ တဖုတ်ဖုတ် လဲကျတတ်တာကလွဲရင် လူကြီးတွေတောင် မနည်းလိုက်ဖမ်းရတဲ့အထိ။

တစ်ခုပဲ၊ သုံးနှစ်အရွယ် တခြားကလေးတွေ တီတီတာတာပြောတတ်နေသလောက် ဝမ်ပိစိလေးကတော့ ဘူးမှုတ်တုန်း။
အဲ့တာလေးကိုပဲ ဝိုင်းပြီးအချစ်ပိုနေရတာဆိုလည်း မမှားပြန်ဘူး။

ရှောင်းကျန့်ကတော့ တစ်ခုခုကို စိတ်လွတ်ကိုယ်လွတ် တွေးမိတိုင်း မျက်ရည်လေးတွေ ဝိုင်းလာတတ်တယ်။

ရိကျန့်လေး စကားမပြောတတ်တော့မှာ သူအရမ်းကြောက်တယ်။

"ဘာဖြစ်လို့လဲ ရှောင်းကျန့်"

ငူငူလေးထိုင်နေတဲ့ ရှောင်းကျန့်မျက်နှာလေးကို ရိပေါ် ဖြည်းဖြည်းချင်း ဆွဲယူလိုက်တယ်။

ဖိုးဖိုးဖွားဖွားတွေနဲ့ စိန်ပြေးတမ်းကစားနေတဲ့ ဝမ်ပိစိဟာ တခစ်ခစ်နဲ့ လုံးလုံးကော့ကော့လေး ပြေးနေတုန်းပဲ။

"ရိပေါ် "

"အင်း ငါကိုပြောပြလို့ရတယ်"

"ပိစိက ဟင့် ပိစိက စကားတော့ပြောမှာပါနော်"

"ငါ့ကိုကြည့် ရှောင်းကျန့်"

ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းတွေကို ဖွဖွလေးပွတ်ဆွဲသုတ်ပေးရင်း ရိပေါ်က အကြည့်ချင်းဆုံစေတယ်။

"ဝမ်ပိစိက တခြားကလေးတွေထက် ဖွံ့ဖြိုးမှုနောက်ကျတာမှန်ပေမယ့် သူ့အချိန်နဲ့သူတော့ ဖြစ်လာမှာပဲလေ၊ အခုလည်းကြည့်ပါလား၊ မနေ့တစ်နေ့ကမှ လေးဘက်ထောက်သွားနေတဲ့ပိစိက အခုပြေးတတ်နေပြီ၊ ငါမပြောဘူးလား ပိစိက ငါတို့ထင်ထားတာထက် ပိုပြီး ကြံ့ခိုင်တဲ့ ကလေးလေးပါလို့"

ရှောင်းကျန့် သက်ပြင်းလေးလေးတစ်ခုချပြီး ရိပေါ်ကို သိုင်းဖက်လိုက်တယ်။ အနည်းငယ် စိတ်သက်သာရာ ရသွားပေမယ့် မျက်ရည်တွေကတော့ စီးကျနေတုန်း။

"ခစ် ခစ် ဘူး ဘူး"

မလွှတ်တမ်းဖက်ထားကြတဲ့ ဒယ်ဒီနဲ့ ပါပါးဘေးကို ရိကျန့်လေး ရောက်လာတယ်။ ဝမ်ပိစိကိုမြင်တော့ ရှောင်းကျန့်က ပြာပြာသလဲ ရိပေါ်လက်ထဲကအတင်းရုန်းရတယ်။

ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now