Zawgyi
ဝမ်ရိပေါ်ရဲ့ပထမဆုံးအကြိမ် လျစ်လျူရှုခြင်းက ရှောင်းကျန့်အဖို့ သိပ်ကိုခံရခက်နေတယ်။ စိတ်တိုတိုနဲ့ မျက်စိရှေ့က တွေ့သမျှပစ္စည်းမှန်သမျှအကုန် ကန်ကျောက်ပစ်တယ်။ ဒေါသအလျောက်ပြုမူနေတဲ့ ရှောင်းကျန့်ဟာ သူ့ကိုယ်သူ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုတာမေ့နေခဲ့ပုံပဲ။
"အ!"
ဝမ်းဗိုက်တစ်နေရာက စူးခနဲဖြစ်မှ အသိစိတ်ကပ်တော့တယ်။
ဗိုက်ကိုလက်နဲ့အသာဖိရင်း ရှောင်းကျန့်ထိုနေရာမှာပဲ ခွေကျသွားတယ်။
အောက်နှုတ်ခမ်းကို အတင်းဖိကိုက်ထားတဲ့ သူ့ပုံစံက ဒေါသမပြေသေးတဲ့ပုံစံ။"ငါမင်းကို မုန်းလိုက်တာ ဝမ်ရိပေါ်"
ဆူညံသံတွေကြောင့် ရိပေါ် ကမန်းကတန်း အောက်ဆင်းအလာ ရှောင်းကျန့်က ကြမ်းပြင်ပေါ် ငုတ်တုတ်လေးထိုင်လျက်သား။
မျက်ရည်တွေဝေ့နေပြီး ဗိုက်ကိုပါဖိကိုင်ထားသေးတဲ့ ရှောင်းကျန့်ရဲ့ အသွင်ကြောင့် စိုးရိမ်ခြင်းအပြည့်နဲ့ တုန်လှုပ်သွားတဲ့ ရိပေါ် မျက်ဝန်းတွေ။"ရှောင်းကျန့်!!! ဘာဖြစ်လို့လဲ ဗိုက်ထဲကနာလို့လား"
"ဘာမှမဖြစ်ဘူး ဖယ်! ငါ့ကိုမထိနဲ့"
စိုးရိမ်တကြီး ဆုပ်ကိုင်လာတဲ့ ရိပေါ်ရဲ့ လက်တွေကို ရှောင်းကျန့်ခပ်ဆတ်ဆတ်လေး ပုတ်ထုတ်ပစ်တယ်။ ထို့နောက်မှာတော့ အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်ရင်း ရိပေါ်ကို တွန်းဖယ်ကာ ထထွက်သွားတဲ့ ရှောင်းကျန့်။
အရူးလို ကြောင်အအနဲ့ ကျန်ခဲ့ရတာကတော့ ဝမ်ရိပေါ်သာ။
_
အရွဲ့တိုက်ရလွန်းလို့ ထင်ပါရဲ့။ ပင်ပန်းသွားပုံရတဲ့ ရှောင်းကျန့်က အခုတော့ ခုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျလို့။ ထိုတစ်ချိန်လေးကပဲ ရှောင်းကျန့်ကို အပြစ်ကင်းတဲ့ ကလေးငယ်တစ်ယောက် အသွင်ဆောင်စေတာ။
ရိပေါ် ရှောင်းကျန့် နံဘေး အသာဝင်လှဲရင်း ခပ်ဖျော့ဖျော့လေး ပြုံးလိုက်တယ်။ တကယ်ဆို နှစ်ယောက်သား အတူရှိချိန်က အိပ်ချိန်လေးတစ်ချိန်တည်း။ ဒါကလည်း ရိပေါ်ဘက်က ဒူးထောက်မတတ် ခခယယနဲ့ တောင်းဆိုထားတာကြောင့်။

أنت تقرأ
ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈ
أدب الهواةm-preg alert ⚠ "တစ်စက္ကန့်စာလောက်ပဲဖြစ်ဖြစ် မင်းရဲ့နှလုံးသားကို မြင်အောင်ကြည့်ကြည့်ပါလား" "တစ်စက္ကန့်စာလောက်ပဲဖြစ်ဖြစ် မင်းရဲ့နှလုံးသားကို မြင်အောင်ကြည့်ကြည့်ပါလား" October 6th 2019 ❣ November 10th 2019 ❣