NYM-5

26.3K 2.5K 29
                                    

Zawgyi

ရိပေါ် ဒီရက်ပိုင်း ကုမ္ပဏီမသွားဖို့ ဆုံးဖြတ်ထားတယ်။ သူရှောင်းကျန့် အနားမှာနေပြီး အစစအရာရာဂရုစိုက်ပေးချင်သေးတယ်။ ဒါကို ရှောင်းကျန့်လက်ခံပါ့လား မသေချာပေမယ့်လို့။

"ဆေးရုံက ဆင်းလို့ရပါပြီ၊ ကိုယ်ဝန်ဆောင်အားဆေးကတော့ ပုံမှန်သောက်ပေးရမယ်၊ လူနာကထင်ထားတာထက်ကို ပိုပြီးအားနည်းနေတယ်"

ဆရာဝန်ကို ကျေးဇူးတင်ကြောင်းပြောရင်း ရိပေါ် ရှောင်းကျန့်ဘက်လှည့်ကာ မျက်နှာချင်းဆိုင်လိုက်တယ်။ အရည်လဲ့နေတဲ့ မျက်ဝန်းတွေဟာ အခုချိန်ထိကို သူနဲ့အကြည့်ချင်းမဆုံရသေးဘူး။

"မင်းစားချင်တဲ့ဟာ ရှိလား"

မျက်နှာလွှဲလျက်အနေအထားနဲ့ပဲ ရှောင်းကျန့်က ခေါင်းခါတယ်။
အရင်ကလို ဘုနဲ့ဘောက်ပြန်မပြောတော့တာကြောင့် နှစ်ယောက်သားရဲ့ ပတ်ဝန်းကျင်လေထုက အေးစက်စက်နဲ့။

အိမ်အပြန်လမ်းတစ်လျောက်လည်း ကားလေးအတွင်း တိတ်ဆိတ်ခြင်းအတိက လွှမ်းခြုံထားတယ်။ ပင်ပန်းနေပုံရတဲ့ ရှောင်းကျန့်ကတော့ မျက်လုံးလေးတွေမှေးစင်းလာပြီး တစ်ခဏအတွင်း အိပ်ပျော်သွားတော့တာပဲ။

City Mart တစ်ခုအရှေ့မှာကားရပ်ရင်း ရိပေါ် ရှောင်းကျန့်ကြိုက်တတ်တဲ့ သရေစာတွေ ဝင်ဝယ်လိုက်တယ်။ အိပ်မောကျနေတဲ့ ကောင်လေးကတော့ တုတ်တုတ်မှကို လှုပ်မလာ။

အိပ်ပျော်နေတဲ့ ရှောင်းကျန့်အနား ရိပေါ် ခပ်ဖွဖွလေးတိုးကပ်သွားရင်း တင်းကျပ်နေအောင် သိုင်းပတ်ထားတဲ့ ထိုင်ခုံခါးပတ်ကြိုးကို အနည်းငယ်ဖြေလျှော့ပေးလိုက်တယ်။ ပိုပြီးသက်တောင့်သက်သာဖြစ်အောင် နေရာချပေးတော့ ရှောင်းကျန့်ကတစ်ချက်လူးလွန့်လာတယ်။

နိုးသွားတယ် အထင်နဲ့ ရိပေါ်ရဲ့ လှုပ်ရှားမှုတွေတောင် ရုတ်ချည်း ငြိမ်သက်ကုန်ပြီး အသက်ပါအောင့်မိသွားတာ။ နောက်တော့မှ သက်ပြင်းခိုးချရင်း ရှောင်းကျန့်ကိုရော ကလေးလေးကိုပါ အသာငုံ့နမ်းလိုက်တယ်။

စိတ်ထဲ၌လည်း ရူးကြောင်ကြောင်တွေးမိသည်က ရှောင်းကျန့်သာ အဲ့ဒီအတိုင်းလေး အမြဲတမ်းအိပ်ပျော်နေရင် သိပ်ကောင်းမှာပဲလို့။

ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈDove le storie prendono vita. Scoprilo ora