NYM-13

26.2K 2.4K 68
                                    

Zawgyi

"ရှောင်းကျန့်ရော"

"အိပ်ပျော်သွားပြီသား"

ရိပေါ် ဒီရက်ပိုင်း သိသိသာသာကို ပိန်ကျသွားခဲ့တာ။ မျက်ကွင်းတွေတောင် အနည်းငယ်ညိုပြီး နှုတ်ခမ်းတွေကပါ ဖြူဖပ်ဖြူရော်နဲ့။ မားကတော့ စိတ်မကောင်းသလို ငဲ့ကြည့်လာတယ်။

အင်မတန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကိုချပြီး ဒီကလေးရဲ့ ရင်ထဲ ဘယ်လောက်တောင် ကမ္ဘာပျက်နေလိုက်မလဲ။ ဒါကို သူမ နှလုံးသားထဲက အလိုလို ခံစားကြည့်လို့ရနေတယ်။

"ကျွန်တော်အကူအညီတောင်းထားတဲ့ ကိစ္စ"

"မား ပြောမထွက်ဘူးကွယ်"

ဆိုဖာပေါ် ပစ်စလက်ခတ်ထိုင်ချလိုက်ရင်း မျက်နှာတစ်ပြင်လုံးကို ရိပေါ် ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်မိတယ်။
တစ်နည်းအားဖြင့် ဝေ့ဝဲနေတဲ့ မျက်ရည်စတွေကို ဘယ်သူမှမရိပ်မိရအောင်။

"ကျန့်ကျန့်လေးက အခုမှ ကလေးလေးကို သိပ်ခင်တွယ်လာသလိုပဲ၊ မားလည်းမိခင်တစ်ယောက်ပဲမို့ အဲ့ဒီ့ခံစားချက်ကို နားလည်တယ်သား၊ မားဘယ်လို ဖျောင်းဖျရပါ့မလဲ"

"ကျစ်! အား!"

မွန်းကျပ်လာတဲ့ ခံစားချက်ကြီးကြောင့် ရိပေါ် စုတ်တစ်ချက်သပ်ရင်း အာခေါင်ခြစ်အော်လိုက်တယ်။
အခု သူ့ပုံစံက ဘာမှကို ကြံရာမရဖြစ်နေပြီ။

"ကျွန်တော့်အတွက် ရှောင်းကျန့်ကသာ ပိုအရေးကြီးတယ်၊ ရှောင်းကျန့်သာ တစ်ခုခုဖြစ်သွားရင်.. ကျစ်"

ရှိုက်သံတစွန်းတစ ရောစွက်လာတဲ့ အသံတွေက အနည်းငယ် အက်ကွဲလို့။
မားက ရိပေါ်ရဲ့ လက်နှစ်ဖက်ကို အပေါ်ကနေ ခပ်ဖွဖွလေးအုပ်ကိုင်လာတယ်။

"မားတို့ကြိုးစားကြည့်တာပေါ့"

အသံတိတ်သာ ရိပေါ် ခေါင်းညိတ်ချလိုက်တော့တယ်။ ထိန်းမရနိုင်အောင် တလိမ့်လိမ့်ကျလာတဲ့ မျက်ရည်တွေဟာ သူ့ရင်ထဲက ပြိုကျနေတဲ့ မိုးစက်တွေပါပဲ။

_

"ကိုကို မျက်နှာလည်းမကောင်းဘူး၊ ဘာဖြစ်လို့လဲ"

စိုးရိမ်ခြင်းအပြည့်နဲ့ ရှန်ယိရဲ့အကြည့်တွေ။ အသေအချာ အဓိပ္ပာယ်ဖော်တတ်ရင် အရောင်လက်နေတဲ့ သူမမျက်ဝန်းတွေက တစ်စုံတစ်ခုကို အတည်ပြုချင်နေသလိုမျိုး။

ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈDove le storie prendono vita. Scoprilo ora