NYM-9

24.4K 2.3K 66
                                    

Zawgyi

မျက်နှာအနားတဝိုက် ဖြတ်ပြေးနေတဲ့ လေထုနွေးနွေးကို ရှောင်းကျန့် ခံစားမိတယ်။ အိပ်ပျော်ဖို့ ကြိုးစားကြည့်ပေမယ့် မကြာသေးခင်က အဖြစ်အပျက်က သူ့ခေါင်းထဲ အပြည့်နေရာယူထားတာကြောင့် ကောင်းကောင်းအလုပ်မဖြစ်။

"ရှောင်း ကျန့် ~ "

ခေါ်သံတိုးတိုးကို ကြားပေမယ့် ရှောင်းကျန့်အဖက်ပြန်မလုပ်မိ။
အိပ်ပျော်ချင်ယောင်သာ ဆောင်နေလိုက်ပြီး ယောင်ယောင်ရမ်းရမ်းနဲ့ အသက်ပါအောင့်ထားလိုက် မိတယ်။

သူ ရိပေါ်နဲ့ မျက်နှာချင်းမဆိုင်ရဲသေးဘူး။

ရုတ်တရက်ကြီး နွေးခနဲဖြစ်သွားတဲ့ နှုတ်ခမ်းသားကြောင့် ရှောင်းကျန့်ရဲ့ မျက်လွှာလေးတွေ ပိုပြီးမှိတ်ကျသွားတယ်။

ဝမ်ရိပေါ်က သူ့ကို နမ်းလိုက်တာ။

အိပ်ပျော်နေချိန်တိုင်း အခုလိုပဲ ခိုးနမ်းနေကျလားဆိုတဲ့ အတွေးက ရှောင်းကျန့်ရဲ့ နှလုံးခုန်သံတွေကို အတိုင်းအဆမရှိမြန်လာစေတယ်။

"တောင်းပန်ပါတယ် ~ "

အဖျားခတ်နေတဲ့ လေသံဖျော့ဖျော့လေးကြောင့် ရှောင်းကျန့်ရဲ့ သွေးကြောတစ်လျှောက် ထုံကျဉ်သွားရတယ်။
မျက်လုံးစုံမှိတ်ထားပေမယ့် ရိပေါ်ငိုနေမှန်း သူကောင်းကောင်း ခံစားလို့ရတယ်။

အဲ့ဒီ့နောက် အလွတ်ရနေတဲ့ ကိုယ်နံ့သင်းသင်းနဲ့အတူ ခန္ဓာကိုယ်တစ်ခုလုံးက နွေးခနဲ။
ရှောင်းကျန့် မရုန်းမိဘဲ အလိုက်သင့်လေးသာ ငြိမ်နေပေးလိုက်တယ်။

သေချာတယ်။ ဒီညတော့ သူအိပ်ပျော်တော့မှာ မဟုတ်။

_

နှစ်ပတ်။
ရှောင်းကျန့်ဘက်က ရိပေါ်ကို သိသိသာသာကော မသိမသာကော ရှောင်နေခဲ့တာ အတိအကျဆို နှစ်ပတ်တိတိရှိပြီ။

တချို့ကိစ္စတွေဆို စိတ်အလိုမကျမိပေမယ့် ကန့်လန့်တိုက်တာတို့ ကက်ကက်လန်အောင် ရန်တွေ့တာမျိုးတို့လည်း မလုပ်ဖြစ်တော့ဘူး။
တမင် မျက်နှာချင်းမဆိုင်မိအောင်၊ စကားမပြောဖြစ်တော့အောင်ဘဲနေတာများတယ်။

ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now