Zawgyi
"ရှောင်းကျန့်က နည်းနည်းပေကတ်တတ်နိုင်တယ်၊ ပြီးတော့ သူစိတ်ထင်ရာတွေလည်း လျှောက်လုပ်တတ်သေးတာ၊ ဒေါ်ကြီးက အသေအချာလေး စောင့်ကြည့်ပေးပါနော်"
"ဒေါ်ကြီး သေသေချာချာဂရုစိုက်လိုက်ပါ့မယ် သခင်လေးဝမ်"
အသစ်ခေါ်လာတဲ့ အိမ်အကူဒေါ်ကြီးကို ရိပေါ်တတွတ်တွတ် မှာနေတယ်။ ရှောင်းကျန့်လို ကောင်ဆိုးလေးကို ဒဏ်မခံနိုင်လို့ ပြန်ပြေးကြတဲ့ အိမ်အကူတွေက တစ်ယောက်နှစ်ယောက် မကတော့ဘူး။
အသက်အရွယ်အရကော အတွေ့အကြုံများများစားစားရှိတဲ့ဒေါ်ကြီးကိုတော့ ရိပေါ်အချိန်ကြာကြာမြဲနေစေချင်တယ်။ကိုယ့်မိဘအရွယ်လောက်ရှိတဲ့ ဒေါ်ကြီးကိုတော့ ရှောင်းကျန့် ကလန်ကဆန်မယဉ်မကျေး မပြုလောက်ဘူးမလား။
ရိပေါ်တို့စကားပြောနေတုန်း ရှောင်းကျန့် အိပ်ရာနိုးလာတယ်ထင်ပါရဲ့။ အပေါ်ထပ်က ဝုန်းဒိုင်းကြဲနေတဲ့ အသံအရဆို ရှောင်းကျန့်အိပ်ရာနိုးတိုင်း ပစ္စည်းအချို့ကို စိတ်မထင်ရင်မထင်သလိုပေါက်ခွဲနေကြ။
ဒေါ်ကြီးက တစ်ချက်တွန့်သွားပေမယ့် ရိပေါ်ကတော့ အားနာသလိုပြုံးပြပြီး ခေါင်းအသာညိတ်လိုက်တယ်။
"အဲ့ဒါသာကြည့်တော့ ဒေါ်ကြီး"
"သခင်လေးရှောင်းက အရမ်းစိတ်ကြီးတာကိုး၊ ဟင်း.. ဒီအတိုင်းသာဆက်သွားနေရင် ကလေးကိုထိခိုက်လာနိုင်တယ်"
ဒေါ်ကြီးရဲ့စကားကြောင့် ရိပေါ် သက်ပြင်းမျှင်းမျှင်းကလေးကိုသာ ထံကုန်ချနေမိတော့တယ်။
သူကသာ ဂရုစိုက်မှုတွေ ကမ်းကုန်အောင်ပေးနေပေမယ့် ရှောင်းကျန့်ဘက်ကတော့ နေမြဲတိုင်း၊ မုန်းမြဲတိုင်း။"ထမင်းကိုလည်း အချိန်နဲ့ကျွေးပေးပါဦး၊ နောက်ပြီး ဘီယာတို့ ဝိုင်တို့ကိုလည်း မသောက်စေနဲ့၊ သူဖွက်ထားတဲ့ လက်ကျန်တွေ ရှိရင်ရှိနေဦးမှာ"
"ကောင်းပါပြီ သခင်လေးဝမ်"
မှာစရာရှိတာတွေ အကုန်မှာပြီးမှ ရိပေါ်ကုမ္ပဏီကို သွားရတယ်။
ဒေါ်ကြီးရှိလို့ အနည်းငယ် စိတ်သက်သာရာရသွားပေမယ့် တကယ်တမ်းတော့ သူ ရှောင်းကျန့်ကို စိတ်မချချင်ဘူး။

ESTÁS LEYENDO
ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈ
Fanficm-preg alert ⚠ "တစ်စက္ကန့်စာလောက်ပဲဖြစ်ဖြစ် မင်းရဲ့နှလုံးသားကို မြင်အောင်ကြည့်ကြည့်ပါလား" "တစ်စက္ကန့်စာလောက်ပဲဖြစ်ဖြစ် မင်းရဲ့နှလုံးသားကို မြင်အောင်ကြည့်ကြည့်ပါလား" October 6th 2019 ❣ November 10th 2019 ❣