Zawgyi
ဝမ်ရိကျန့်လေး တစ်နှစ်သားအရွယ်~
"ဝမ်ရိပေါ် မင်းသားကို ငါတကယ်လက်ဖျားခါတယ် သိလား"
ရိကျန့်လေးကို ပေါင်ပေါ်တင်ပြီး ရှောင်းကျန့်က နို့ဘူးတိုက်နေတယ်။ မလွယ်ကြောလေး ပိစိက ပါပါးရဲ့ ရင်ဘတ်က ချိုချိုတစ်ဖက်ကို ဘယ်လက်ကလေးနဲ့ အုပ်ကိုင်ထားပြီး ညာဘက်လက်ကလေးက နို့ဘူးကို ဖမ်းဆုပ်ထားတယ်။
ရှောင်းကျန့်ကတော့ စူပုတ်ပုတ်နဲ့။
"အားယား!! သင်းလေးက ကိုင်ရုံကိုင်ထားတယ် ထင်လို့လား! အားကြီးနဲ့ ဆွဲဆိတ်သေးတာ!!"
ကုမ္ပဏီစာရင်းတွေ အပြီးသတ်နေရင်းက တရစပ်ကြားနေရတဲ့ ပွစိပွစိ အသံတွေကြောင့် ရိပေါ်ဆက်ပြီး အာရုံမလွှဲနိုင်တော့။
"ရှောင်းကျန့်ရာ ကလေးက ဘာသိမှာလဲ၊ ပြီးတော့ သူ့အားလေးနဲ့ မနာနိုင်ပါဘူး"
"ဘာ!!! မနာဘူးဟုတ်လား!!! မင်းအဆိတ်ခံကြည့်လေ!!!!"
အားပါးတရ ကျူံးအော်လာတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ် ရယ်ချင်ပေမယ့် အသံမထွက်အောင် နှုတ်ခမ်းကြီးစိထားရတယ်။
ဒေါသအိုးလေး အကြောင်းကို သူအသိဆုံး။ရှောင်းကျန့်က ပိစိလေးကို မွေးပြီးမှ ပိုပြီးစွာတေးလန်လာသလိုပဲ။
ထစ်ခနဲဆို စိတ်လက်တစ်ဆစ်နဲ့ ဒေါသကြီးကအရင်ထွက်တာ။တစ်ခါတစ်လေကျပြန်တော့လည်း ကလေးနဲ့အပြိုင် ဆော့တာများ ထမင်းမေ့ဟင်းမေ့။ ကလေးအတွက်ဝယ်ထားတဲ့ ဆိုင်ကယ်အရုပ်တွေ ကားအရုပ်တွေက သူ့လက်ထဲမှာတင် ပျက်ဆီးကုန်တာချည်း။
ကလေးနှစ်ယောက်တစ်ပြိုင်တည်းရလိုက်တဲ့ ဝမ်ဒယ်ဒီကတော့ တစ်နေ့တစ်နေ့ ကလေးကြီးကိုထိန်းလိုက် ကလေးလေးကို ထိန်းလိုက်နဲ့ ကုမ္ပဏီတောင် မသွားနိုင်တော့ဘဲ ရုံးခန်းကို အိမ်မှာဖွင့်ထားလိုက်ရတဲ့အထိ။
"ဟူး အိပ်သွားပြီ"
ရှောင်းကျန့်ဆီက သက်ပြင်းချသံသဲ့သဲ့ကြားတော့မှ ရိပေါ် မျက်ခုံးနှစ်ဖက် ပင့်တက်သွားတယ်။
နှုတ်ခမ်းလေးကို တစ်ခြမ်းတည်း တွန့်ပြုံးလိုက်ရင်း ရှောင်းကျန့်ရင်ဘတ်ပေါ်က ဝမ်ပိစိလက်ကလေးကို အသာလေး ဖယ်ဖို့လုပ်တော့ ငလည်လေးက ကိုင်ထားတာများမြဲလို့။

ESTÁS LEYENDO
ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈ
Fanfictionm-preg alert ⚠ "တစ်စက္ကန့်စာလောက်ပဲဖြစ်ဖြစ် မင်းရဲ့နှလုံးသားကို မြင်အောင်ကြည့်ကြည့်ပါလား" "တစ်စက္ကန့်စာလောက်ပဲဖြစ်ဖြစ် မင်းရဲ့နှလုံးသားကို မြင်အောင်ကြည့်ကြည့်ပါလား" October 6th 2019 ❣ November 10th 2019 ❣