NYM-11

25.6K 2.4K 69
                                    

Zawgyi

"အု ဝေါ့"

"ရှောင်းကျန့် ရရဲ့လား"

"ရ ရတယ်၊ ငါဒီအစားအသောက်အနံ့တွေနဲ့ သိပ်မယဉ်လို့"

"မင်းအဆင်မပြေရင် ပြန်ကြမယ်လေ"

"ငါ ငါ ဘာမှမဖြစ် ဝေါ့"

"ပြန်မယ်"

ရုတ်တရက်ကြီး ကောက်ကာငင်ကာ ရှောင်းကျန့် လက်ကိုဆွဲ၍ ထပြန်တော့မယ့် ရိပေါ်။ အရာမယွင်းသေးတဲ့ ပန်းကန်ထဲက စားစရာတွေကတော့ သနားစဖွယ်။

ရှန်ယိက ခြေမကိုင်မိလက်မကိုင်မိဖြစ်နေပြီး ရိပေါ်နဲ့ ရှောင်းကျန့်ကို အတင်းတားတယ်။
သောက်မဲ့သောက်တော့လည်း ကုန်အောင်သောက်သွားလိုက်တာမဟုတ်ဘူး။

"တောင်းပန်ပါတယ် ရှန်ယိ၊ ရှောင်းကျန့်က ဒီအနံ့တွေ မခံနိုင်ဘူးဖြစ်မယ်"

ရှန်ယိမျက်နှာ အီလည်လည်ဖြစ်နေပေမယ့် အမူအရာကိုချက်ချင်းထိန်းလိုက်တယ်။

ဘာပဲဖြစ်ဖြစ် သောက်တော့သောက်ဖြစ်သွားတာပဲလေ။

"ရှန်ယိကသာ တောင်းပန်ရမှာပါ၊ ရိုးရာအစားအသောက်တွေက နည်းနည်းတော့ အနံ့ပြင်းတယ်မလား"

"အင်း၊ ကျေးဇူးပါပဲ ရှန်ယိ၊ ဒါဆို ကိုယ်တို့အရင်ပြန်နှင့်ပြီ"

ရိပေါ်တို့ ထွက်သွားမှ ရှန်ယိ ရင်ဘတ်ကိုဖိရင်း သက်ပြင်းအရှည်ကြီးချရတယ်။
နောက် ဖုန်းနံပါတ်တစ်ခုကို ကောက်နှိပ်လိုက်ရင်း။

"ကျို့ယန် အဲ့ဒီဆေးက တကယ်အလုပ်ဖြစ်တာ သေချာလား"

"သေချာပါတယ်၊ လက်သည်းခွံပမာဏလောက် ဗိုက်ထဲဝင်သွားရင်တောင် ကလေးမပြောနဲ့ အခန့်မသင့်ရင် လူကြီးပါသေနိုင်လောက်တဲ့အထိပဲ၊ ဒါကြောင့် အဲ့ဒီ့ဆေးကိုသုံးစွဲဖို့ တားမြစ်ထားတာ သက်သေပဲလေ"

"ဟက်! ကောင်းပြီ၊ ကျန်တဲ့ငွေတွေကတော့ ငါ့အစီအစဉ်တိုင်းဖြစ်လာမှ ပေးမယ်"

ဖုန်းချလိုက်ပြီးနောက် သူမ စိတ္တဇဆန်ဆန်ရယ်မောလိုက်တယ်။

ကိုကိုကအစတည်းက သူနဲ့လက်ထပ်မယ့်သူပဲဟာ။
သူအခုလိုလုပ်တာ မလွန်ဘူးမလား။ ဟုတ်တယ်။ လုံးဝမလွန်ဘူး။

ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now