Zawgyi
"လင်းကျို့ယန်!!"
ရုံးခန်းနံရံကိုမှီရင်း သူမကိုလက်လှမ်းပြနေတဲ့ ကျို့ယန်ကြောင့် တုန်လှုပ်သွားတဲ့ ရှန်ယိရဲ့ အသွင်အပြင်က အတိုင်းသား။
ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာတဲ့ ရှန်ယိက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရင်း ကျို့ယန်အရှေ့ မတ်မတ်ရပ်လာတယ်။"နင်ဘာလို့ ကုမ္ပဏီအထိလိုက်လာရတာလဲ!! ငါ့ကို အသက်ရှင်လျက် မမြင်ချင်တော့တာလား"
အံကြိတ်သံနဲ့ သူမကြိမ်းဝါးတော့ ကျို့ယန်က ခနဲ့တဲ့တဲ့ပြုံးရင်း လက်ညှိုးနဲ့လက်မကို အသာလေးကွေးပြတယ်။
"ငါ့အစီအစဉ်အတိုင်းမှမဖြစ်ဘဲ၊ အဲ့တော့ မပေးနိုင်ဘူး"
"အဟက်! ကောင်းပြီလေ၊ လွန်ခဲ့တဲ့ သုံးနှစ်က ကိစ္စနဲ့ အခုကိစ္စနဲ့ပါပေါင်းရင်.."
ကျို့ယန် စကားမဆုံးခင် ရှန်ယိ အလန့်တကြား ပါးစပ်ကို ဖိပိတ်ပစ်တယ်။
တုန်လှုပ်ခြောက်ခြားနေတဲ့ သူမရဲ့ မျက်လုံးအိမ်တွေက အတော်လေးကို သွေးပျက်နေဟန်။ကျို့ယန်က ခပ်ညင်းညင်းလေးရယ်လိုက်ရင်း လက်ထဲကဖုန်းကို ထောင်ပြတယ်။
ရှန်ယိ မျက်နှာဟာ ချက်ချင်းလက်ငင်းကို သွေးမရှိတော့သလို။"နင် နင် ကိုကို့ဖုန်းနံပါတ်ကို ဘယ်ကရတာလဲ"
"ဟားးးး မခက်ဘူးလေ"
"တောက်!! လင်းကျို့ယန်!!"
ပျာယာခတ်နေရာကနေ သူမအသွင်က တဖြည်းဖြည်း ငြိမ်ကျလာတယ်။ နောက်.. ကျို့ယန်ကို တည့်တည့်ကြည့်ရင်း တဟားဟားနဲ့ အော်ရယ်ပြန်ရော။
"အဟင်း.. နင်ကော အပြစ်လွတ်မယ်ထင်လို့လား ကျို့ယန်၊ စိတ်ချ လွန်ခဲ့တဲ့ သုံးနှစ်တုန်းကလည်း ငါ့ကိုကူညီဖူးတယ်ဆိုတော့ ငါတို့သေကြလည်း အတူတူပေါ့နော်.. အော် ဒါနဲ့ နင်ငါ့ကို လာခြိမ်းခြောက်မယ့်အစား အရင်ကလို အမြီးလေးကုပ်ပြီးသာ ငြိမ်နေလိုက်ပါလား၊ အဲ့ဒါနင့်အတွက်အကောင်းဆုံးပဲ"
ကျို့ယန်နဲ့ ရှန်ယိအကြား ခေတ္တခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားတယ်။
စိတ်ပိုင်းဖြတ်ထားပုံရတဲ့ ကျို့ယန်ရဲ့ အကြည့်တွေကို ရှန်ယိ သတိထားမိပုံမပေါ်ဘူး။
YOU ARE READING
ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈ
Fanfictionm-preg alert ⚠ "တစ်စက္ကန့်စာလောက်ပဲဖြစ်ဖြစ် မင်းရဲ့နှလုံးသားကို မြင်အောင်ကြည့်ကြည့်ပါလား" "တစ်စက္ကန့်စာလောက်ပဲဖြစ်ဖြစ် မင်းရဲ့နှလုံးသားကို မြင်အောင်ကြည့်ကြည့်ပါလား" October 6th 2019 ❣ November 10th 2019 ❣