Zawgyi
"နိုးနေရင် ထတော့လေ"
စောင်ပုံထဲ လုံးထွေးနေတဲ့ ရှောင်းကျန့်ရဲ့ ပါးပြင်နွေးနွေးလေးဆီ အနမ်းခြွေရင်း ရိပေါ်ပြောလိုက်ခြင်း။
အိပ်မှုန်စုံမွှားနဲ့ ရှောင်းကျန့်က အီး အဲ အသံပြုပြီး လက်ကလေးနှစ်ဖက်ကို ဆန့်တန်းပေးလာတယ်။
အဆိုးလေးရဲ့ အထာနပ်နေတော့ ရိပေါ်ချက်ချင်းကို ချိုင်းအောက်က အသာလေးဆွဲမပြီး ထူပေးရတယ်။
"ဝမ်ပိစိမြန်မြန်ထွက်လာရင် ကောင်းမယ်၊ အခု ကိုယ်ဟာကိုယ်တောင် ထလို့မရတော့ဘူး"
မျက်လုံးတွေကို ပွတ်သတ်ရင်း စူပုတ်ပုတ်ဆိုလာတဲ့ သုံးနှစ်သား ဝမ်ရှောင်းကျန့်။
ပြောနေပုံလေးကို အူယားလွန်းလို့ နှုတ်ခမ်းကိုက်ရင်း အံကြိတ်နေရသူက ဝမ်ရိပေါ်ရယ်ပါ။"လာ၊ ရေချိုးရအောင်"
"ဟင့်အင်း အိပ်ချင်သေးတယ်"
"ဆေးရုံကပြန်လာရင် စားချင်တာအကုန်ကျွေးမယ်"
"တကယ်လား!"
အစားအသောက်နဲ့ ပတ်သတ်လာရင် မျက်လုံးလေးတွေ အရောင်တောက်လာတတ်တဲ့ ရှောင်းကျန့်က အခုလည်း ခန္ဓာကိုယ်ပေါ်ကစောင်တွေကို ခပ်သွက်သွက်ဆွဲခွာပြီး ရေချိုးတော့မယ်ချည်း လုပ်တယ်။
ရိပေါ် အသံတိတ်ခိုးရယ်လိုက်ရင်း အဆိုးလေးကို ပွေ့ကာ ရေချိုးခန်းကို ဦးတည်ရတယ်။ ရေချိုးဖို့ကို တက်ကြွနေတဲ့ အချိန်က ဒါပထမဆုံးဖြစ်မလား။
"ရိပေါ် မြန်မြန်ချိုးပေးလေ"
shower gel ဗူးကြီးကိုင်လျက်သား ငုတ်တုတ်မေ့နေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်က စိတ်မရှည်တော့တဲ့ဟန်။
"ကျစ်! နေ့တိုင်းတွေ့နေရလည်း ကြည့်လို့မပြီးနိုင်ဘူးလား! မင်းက တကယ့် နှာဘူးကောင်!"
သာသာနဲ့နာနာနှက်လာတဲ့ ရှောင်းကျန့်စကားလုံးတွေကြောင့် ရိပေါ်မျက်နှာကြီး ရဲပတောင်းခတ်သွားတယ်။ မငေးဘဲမနေနိုင်လောက်အောင် လှနေတာက ဘယ်သူမို့လဲ။
"အဟမ်း ငြိမ်ငြိမ်နေ ငါလုပ်ပေးမယ်"
ရှောင်းကျန့်လက်ထဲက shower gel ဗူးကို ပြန်လုရင်း အရှက်ပြေချောင်းဟန့်ရတယ်။
အမှန်တရားက စပ်လိုက်ပုံများ။
![](https://img.wattpad.com/cover/202530033-288-k219866.jpg)
YOU ARE READING
ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈ
Fanfictionm-preg alert ⚠ "တစ်စက္ကန့်စာလောက်ပဲဖြစ်ဖြစ် မင်းရဲ့နှလုံးသားကို မြင်အောင်ကြည့်ကြည့်ပါလား" "တစ်စက္ကန့်စာလောက်ပဲဖြစ်ဖြစ် မင်းရဲ့နှလုံးသားကို မြင်အောင်ကြည့်ကြည့်ပါလား" October 6th 2019 ❣ November 10th 2019 ❣