NYM-10

26K 2.3K 156
                                    

Zawgyi

"သခင်လေးဝမ်တို့ လာကြပြီလား၊ ဒေါ်ကြီး ညနေစာအဆင်သင့်လုပ်ထားပြီးပြီ၊ စားကြတော့မလား"

"ရေချိုးပြီးမှစားတော့မယ် ဒေါ်ကြီး"

"အင်း၊ ကျန့်ကျန့်လေးကော"

"ကျွန်တော်က ရေချိုးလာပြီးသား၊ ပုပ်ပွနေတဲ့ အဲ့ဒီလူပဲချိုးရမှာ"

ရှောင်းကျန့်အပြောကို ဒေါ်ကြီးက သဘောတကျရယ်တယ်။
အိမ်အကူဆိုတာထက်ကို ဒေါ်ကြီးက ဝမ်အိမ်တော်ရဲ့ မိသားစုဝင်လိုဖြစ်နေပြီ။

"ထိုင်ဦး ကျန့်ကျန့်၊ မိဘအိမ်ကိုသွားလည်ရတဲ့ ခံစားချက်လေး ဒေါ်ကြီးကို ပြောပြပါဦး"

ခုနကလေးတင် ရိပေါ်ကို ရန်လိုနေတဲ့ ရှောင်းကျန့် မျက်နှာပေးလေး ချက်ချင်းဆိုသလို ပျော့ပျောင်းလို့သွားတယ်။
တစ်ချိန်တည်းမှာပဲ ဝမ်းနည်းမှုတွေ လှိုက်တက်လာတဲ့ မျက်ဝန်းစိုစိုလေးတွေ။

"ကျွန်တော်မားကို အရမ်းလွမ်းနေတာ၊ အဲ့ဒီ့လူယုတ်မာက တစ်ခါမှ မားတို့ဆီ မပို့ပေးဘူးလေ"

"အခု ပို့ပေးပြီးပြီပဲ ကျန့်ကျန့်ရဲ့"

"ဟွန့် တစ်ရက်တည်း၊ ကျွန်တော်က မားနဲ့အကြာကြီးနေချင်သေးတာ"

"နောက်နေ့တွေ သွားလည်လို့ ရသေးတာပဲကို"

"ဒေါ်ကြီးမသိလို့၊ အဲ့ဒီ့လူက နည်းနည်းလေးမှ စိတ်ကောင်းရှိတာမဟုတ်ဘူး၊ ရုပ်ကိုကြည့်ပါလား! တစ်လောကလုံးကို သူရှာကျွေးထားရသလိုရုပ်နဲ့"

စကားတတ်တဲ့ သုံးနှစ်သားလေးကြောင့် ဒေါ်ကြီးကတော့ တဟီးဟီးနဲ့ကို ပြုံးလို့။
အဲ့ဒီ့သုံးနှစ်သားလေးက သိပ်မကြာခင် ကလေးအဖေဖြစ်တော့မယ်ဆိုတာကို ဘယ်လိုယုံကြည်ပေးရမလဲ။

"ဗိုက်ဆာပြီလား ကျန့်ကျန့်"

"အပေါ်က အယုတ်တမာကြီး ဆင်းလာမှစားတော့မယ်၊ သူ့ရှေ့မှာ မစားရင် လူကိုမယုံသင်္ကာလုပ်ဦးမှာ"

ထမင်းအတူတူစားချင်တာကိုပဲ တစ်ဖက်လူကို အပြစ်ပုံချပြီး သူ့စိတ်သူ ဖုံးကွယ်ချင်နေတဲ့ ရှောင်းကျန့်ကို ဒေါ်ကြီးဘာမှထပ်ပြီး မပြောလိုတော့။
ပြုံးစိစိနဲ့ ခေါင်းကိုသာ အကြိမ်ကြိမ်ခါရမ်းလိုက်တယ်။

ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now