NYM-12

25.8K 2.3K 60
                                    

Zawgyi

အချိန်အတော်ကြာတဲ့အထိကို ရှောင်းကျန့် ရိပေါ် ရင်ခွင်ထဲ မျက်နှာအပ်ရင်း တရှုပ်ရှုပ်ငိုနေတုန်း။ မြတ်နိုးရသူရဲ့ မျက်ရည်တွေကြောင့် ရိပေါ် မိမိကိုယ်ကိုယ်ပဲ အပြစ်တင်နေလိုက်တော့တယ်။

သူ့ရဲ့ တစ်ဖက်သတ်အတွေးတွေက ရှောင်းကျန့်အပေါ် သိပ်ကိုလွန်ရာကျသွားတယ်မဟုတ်လား။

ငိုသံတိတ်သွားတဲ့ ရှောင်းကျန့်က ရုတ်ချည်းဆိုသလို ရင်ခွင်ထဲက ရုန်းထွက်လာတယ်။
နောက်.. ရိပေါ်ကို တွန်းထုတ်ပြီး ခုတင်အစွန်းကိုသာ တိုးကပ်လို့သွားတယ်။

"ရှောင်းကျန့်"

ခေါ်သံတိုးတိုးကိုကြားတော့ ရှောင်းကျန့်က ရဲတွတ်နေတဲ့ မျက်ဝန်းအစုံနဲ့ စူးစိုက်ပြီးကြည့်တယ်။

"မင်းရဲ့အမြင်မှာ ငါက အဲ့လိုလူစားမျိုးဖြစ်နေခဲ့တာလား ဝမ်ရိပေါ်! အမြဲငါ့ကို သံသယဖြစ်နေခဲ့တာလား"

"မဟုတ်ဘူး ရှောင်းကျန့်၊ ငါမင်းကိုယုံတယ်"

"ဟင့်အင်း! မင်းငါ့ကို မယုံပါဘူး!! မင်းစိတ်ထဲမှာ ငါက ဒီကလေးကို သေစေချင်နေတယ်! အမြဲ တစ်ခုခုလုပ်လိုက်မယ်လို့ချည်းပဲ တွေးနေခဲ့တာမလား! ဟုတ်တယ်မလား! မင်းကိုသေလောက်အောင်မုန်းပေမယ့် ငါ့သွေးသားကိုတော့ ငါအဲ့လောက်ထိမရက်စက်ဘူး ဝမ်ရိပေါ်"

"ငါယုံတယ်၊ ငါမင်းကို ယုံကြည်တယ်လို့ပြောပြီးပြီလေ ရှောင်းကျန့်ရာ ကျေးဇူးပြုပြီး အဲ့လိုတွေ လျှောက်မတွေးပါနဲ့လား"

ဒူးနှစ်ဖက်ကိုပိုက်ပြီး ကျုံ့ကျုံ့လေးကွေးနေတဲ့ ရှောင်းကျန့်ကို ရိပေါ်နှစ်သိမ့်ပေးချင်ပေမယ့် ရှောင်းကျန့်က ကြောက်အားလန့်အားသာ တွန်းဖယ်နေတယ်။

"ထွက်သွား!! ငါဒီကလေးကို ရအောင်မွေးမှာ! မင်းငါ့ကို ဖျက်ချခိုင်းမှာ ငါသိတယ်၊ ငါလုံးဝမဖျက်ချဘူး!!"

အကြောက်အကန် တွန်းလွှတ်နေတဲ့ ရှောင်းကျန့်ကိုယ်လေးကို ရိပေါ်ကလည်း မရမက သိမ်းဖက်ပစ်တယ်။

ရွေးချယ်ရခက်နေတဲ့ ဒီအခြေအနေကြီးကြောင့် သူ့နှလုံးသားတစ်ခုလုံးလည်း စုတ်ပြတ်သတ်နေရပြီ။
သေချာတာ တစ်ခုက သူရှောင်းကျန့်ကို လက်မလွှတ်နိုင်ဘူး။

ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now