NYM-19

27.4K 2.5K 136
                                    

Zawgyi

ရှစ်လအတိ ဝမ်းဗိုက်ပူပူလေးက အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးလိုပဲ။
မျက်ခွံလေးတွေဖောင်းအစ်လာတဲ့ ရှောင်းကျန့်ဟာ ရိပေါ်အမြင်မှာတော့ သိပ်ကို အသည်းယားစရာကောင်းနေခဲ့တယ်။

ဗိုက်ကလေးကို ရှေ့ပစ်ပြီး ခါးလေးကော့ကာ လမ်းလျှောက်နေတတ်တဲ့ ရှောင်းကျန့်အနား ၂၄ နာရီလုံးလုံးရှိနေတတ်တဲ့ရိပေါ်။

" ဟမ်း "

ရင်ဘတ်ကိုဖိရင်း ခါးကိုင်းကျသွားတဲ့ ရှောင်းကျန့်ကို ရိပေါ် ပခုံးနှစ်ဖက်ကနေ အလျှင်အမြန် ထိန်းကိုင်လိုက်တယ်။ ဒါတောင် ခြံထဲမှာပဲပတ်ပြီး လမ်းလျှောက်နေတာ ငါးပတ်မပြည့်သေးဘူး။

"မောနေရင် တော်တော့လေ၊ နောက်နေ့မှ ဆက်လျှောက်တော့"

" ချီ "

အမိန့်ပေးသံသေးသေးလေးကို ကြားတာနဲ့တစ်ပြိုင်နက် ရိပေါ်က မတုန့်မဆိုင်းဘဲ ကောက်ပွေ့တယ်။
ခန္ဓာကိုယ်တစ်ခုလုံးမှာ ဗိုက်လုံးလုံးတင်းတင်းလေးကသာ အလေးချိန်အစီးဆုံး။ နဂို သွေးရောင်သန်းနေတတ်တဲ့ နှုတ်ခမ်းပါးလေးတွေဟာလည်း အခုတော့ ဖြူလျော့လျော့နဲ့။

"ဒီနေ့ ပါးတို့လာကြမယ်တဲ့"

"ဟုတ်လား မင်းငါ့ကို ကြိုမပြောဘူး"

"အရင်ကလည်း လာနေကျပဲဟာကို ကြိုပြောရဦးမှာလား"

"အဲ့တာကြောင့်မဟုတ်ဘူး ဟို.. ငါဒီနေ့မင်းနဲ့လုပ်စရာရှိလို့"

"ပြောလေ ဘာများလဲ"

"ဟီး"

စကားမဆက်သေးဘဲ တဟီးဟီးပြုံးရင်း မျက်နှာချိုသွေးလာတဲ့ ရှောင်းကျန့်က ကားဂိုထောင်ထဲက ရိပေါ်ရဲ့ ဆိုင်ကယ်အစိမ်းရောင်လေးကို လက်ညှိုးထိုးလို့။

"ဆိုင်ကယ်..? "

"အင်း၊ ငါ ဆိုင်ကယ်စီးချင်လို့ အဲ့တာ..."

မျက်တောင်စိပ်စိပ်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အူယားဖို့ကောင်းအောင် တောင်းဆိုလာတာတဲ့။
ဘယ်လိုပဲ နှလုံးသားတစ်ခုလုံး အရည်ပျော်ကျရတယ်ပြောပြော ဒီအနေအထားနဲ့တော့ ရိပေါ် ခွင့်မပြုနိုင်ဘူး။

ɴᴏᴛɪᴄᴇ ʏᴏᴜʀ ᴍɪɴᴅ ᶜᵒᵐᵖˡᵉᵗᵉᵈWhere stories live. Discover now