H.O.P.E (10)

6.5K 721 45
                                    

(Unicode)

"ရှင်တို့ လမ်းမလယ်ခေါင်မှာ ဘာလုပ်နေကြတာလဲ"

ကြားလိုက်ရတဲ့အသံကြောင့် ကြည့်လိုက်တော့ ကားပေါ်ကနေအော်နေတဲ့ မိန်းကလေးတစ်ယောက်။

"ဟိတ် ဘာလဲ ဖယ်ပေးလေ တိုက်လိုက်ရမှာလား"

ကျွန်တော့်ကိုဆွဲခေါ်ပြီး ဘေးဖယ်မလို့လုပ်နေတဲ့ သူ့ လက်ကိုဖြုတ်လိုက်ပြီး ထိုကားဆီအမြန်သွားလိုက်ပြီး....

"အစ်မရေ အစ်မဆိုလ်းကိုပြန်မှာလားဟင် ကျွန်တော်ကားကြုံလိုက်ချင်လို့ပါ"

"ကလေး လိုက်မသွားနဲ့နော် ခင်ဗျား သွားလို့ရပြီ"

"ဟိုအစ်မ ကူညီပေးပါ"

ကျွန်တော့်ကိုတစ်ချက်ကြည့်ပြီး jungkookဘက်ကိုလှည့်ကြည့်လိုက်နဲ့

"အင်းလိုက်ခဲ့လေ ကောင်လေး"

"ကျေးဇူးပါအစ်မ"

ကျွန်တော်သူမကိုကျေးဇူးတင်ကြောင်းပြောပြီး အိတ်အမြန်ဆွဲပြီး ကားပေါ်တက်မယ်လုပ်တော့ လက်ကိုလာဆွဲပြီး

"ကလေး မလိုက်ရဘူးနော်"

"ကျွန်တော်စိတ် ကျွန်တော့်ဆုံးဖြတ်ချက် ကိုကျွန်တော်ပဲပိုင်တယ်။ခင်ဗျားဆုံးဖြတ်စရာမလိုဘူး"

သူ့မျက်လုံးတည့်တည့်ကြည့်ပြီး ပြတ်သားစွာပြောခဲ့လိုက်သည်။နောက်ပြီး ဟိုအစ်မကားနောက်ခန်းမှာ အဝတ်အိတ်ထည့်ပြီး
ဝင်ထိုင်လိုက်သည်။

"အစ်မ မောင်းလို့ရပြီ"

ကျွန်တော်ပြောလိုက်တော့ သူမလဲကားမောင်းထွက်သွားသည်။မှန်ကနေမြင်လိုက်​
​ရသေးသည် သူ ဒေါသထွက်နေတာ

ကျွန်တော်အရင်လိုမပျော့ညံ့နိုင်တော့ဘူး။
ဒီကိစ္စတွေအားလုံးကိုကို ကိုယ်တိုင်လုပ်ခဲ့တာမို့ ကိုကိုပဲခံစားလိုက်ပါ။ကျွန်တော်ခံစားစရာအကြောင်းမရှိတော့ဘူး။

"ရည်းစားလား"

ကိုယ့်အတွေးနဲ့ကိုယ်မြောနေတုန်း ဘေးနားကမေးလာတဲ့အစ်မကြောင့်

"ဗျာ အာ ပြီးခဲ့ပါပြီ"

"Imm အစ်မပြောတာ စိတ်မဆိုးနဲ့နော် သူလဲမောင်လေးကိုချစ်နေပါသေးတယ် အတ္တကြီးနေတာကလွဲလို့ပေါ့"

H.O.P.EМесто, где живут истории. Откройте их для себя