(Unicode)
"ဘာပြောစရာရှိလဲ"
သူတို့ကို လက်ပိုက်ကာ စိုက်ကြည့်နေတဲ့ Seok jin hyungနဲ့ Namjoon hyung။Jungkookရဲ့ တောင်းဆိုမှုအပြီးသူတို့နားနေတုန်းမှာ အခန်းထဲဝင်လာတဲ့ Seok Jin hyungကြောင့် သူတို့လူမိသွားရသည်။
"ဟို သူ က ကျွန်တော်ပြောတဲ့ သူပါ"
"ဟမ် ဒါဆို မင်းရဲ့"
Namjoon hyungရဲ့အမေးကိုသူခေါင်းငြိမ့်ပြလိုက်တော့ ဘာမှမပြော။
"ဘာလို့မပြောတာလဲ"
"အဲ့တုန်းကအဆင်မပြေသေးလို့ပါ ဒီနေ့မှ စအဆင်ပြေလို့ ပြောမယ်ကြံယုံရှိပါသေးတယ်"
"တကယ်ရော ယုံကြည်ရရဲ့လား"
ကိုကို့ဘက်ကို မျက်စပြစ်ကာ မေးလာတာကြောင့် သူခေါင်းငြိမ့်ပြလိုက်သည်။
"ခေါင်းကြီးပဲငြိမ့်မနေနဲ့ ဒီအတောအတွင်းမင်းဘယ်လောက်ခံစားရလဲဆိုတာ ငါအသိဆုံးပဲ"
Seok jin hyungရဲ့ ရှေ့မကြည့် နောက်မကြည့်ပြောလိုက်တဲ့စကားကြောင့် သူအားနာရမိသည်။ကိုကို ကိုကြည့်လိုက်သော်လည်းခေါင်းငုံနေသည်။
"ဟာ!!ရှယ်ရာရှင်ကြီး!!"
ရုတ်တရက် ဒူးထောက်ချလိုက်သည့် ကိုကို့ကြောင့် သူရော Namjoon hyungနဲ့Seok Jinပာ ပါဒူးထောက်ချလိုက်သည်။
"ဖြစ်ခဲ့တာတွေအတွက်တောင်းပန်ပါတယ်။Taeကိုလဲစောင့်ရှောက်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ရှေ့ဆက်ပြီးယုံကြည်ပေးဖို့တောင်းဆိုပါတယ်။"
Seok Jin Hyungတို့ကို ဂါဝရပြုလိုက်တာကြောင့် သူပါဂါဝရပြုလျက်သား။Namjoon hyungနဲ့Seok Jin hyungလဲယောင်နနဖြင့် ပြန်ဂါရဝပြုလျက်။
"မဟုတ်တာ Jungkook Ssiကလဲ"
"တော် တော်ပါတော့။Taehyungက ကျွန်တော်တို့နဲ့သွေးသားမတော်စပ်ပေမဲ့လဲ ညီအရင်းလေးလိုဖြစ်တာကြောင့်စိတ်ပူမိတာပါ"
"ဒီတစ်ခါတော့ ကျွန်တော်Taehyungလက်ကိုမလွှတ်တော့ပါဘူး"
ကျွန်တော့်လက်ကို ကိုင်ကာ အကြည့်ချင်းစုံပြီးပြောလာတာကြောင့် သူပါပြုံးလိုက်သည်။
YOU ARE READING
H.O.P.E
Fanfiction(Unicode) မျှော်လင့်ချက်ပျောက်ဆုံးနေတ့ဲသူတို့ လေးဦး................. (Zawgyi) မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့သူတို့ လေးဦး.................