H.O.P.E (11)

6.4K 683 46
                                    

(Unicode)

ဘာလိုလိုနဲ့နွေရာသီကျောင်းပိတ်ရက်တောင်ရပြီ.....
ထိုနေ့ညကိစ္စပြီးကထဲကအရာရာအားလုံးပြောင်းလဲသွားခဲ့သည်။​သူတို့အိမ်ကိုလဲ ပုံမှန်အတိုင်းသာ စာသွားသင်​ဖြစ်သည်။မတွေ့အောင်ကြိုးစားပေမဲ့ တစ်ခါတစ်လေ မျက်လုံးချင်းဆုံမိရင်လဲ သူ့ဘက်ကအရင်လွှဲတတ်သွားသည်။သူလဲ သူ့ဘဝနဲ့ သူသာယာနေပြီ။ကိုယ်လဲကိုယ့်ဘဝနဲ့ကိုယ်ရှိနေပြီမို့ ဘာကိုမှထပ်မခံစားချင်တော့။အခုလဲအေးချမ်းနေပါပြီလေ။ဟင့်အင်း အေးချမ်းတော့မှာပါ။

"Ph vibrating📲📲📲"

"Hello"

"Kim Taehyungလား"

"ဟုတ်ပါတယ်"

ဟိုဘက်ကမိန်းကလေးအသံကြောင့်နဲနဲထူးဆန်းတာတော့မှန်သည်။ကိုယ့်အသိတွေထဲကလဲမဟုတ်လောက် phနံပါတ်ကြီးကလဲစိမ်းသက်သက်

"မသိတော့ဘူးလား noonaလေ Yoon Jihyo ဘာလဲမေ့လိုက်တာလား"

"ဟာ noona မမေ့ပါဘူးဗျာ noona ph နံပါတ်မရှိလို့ပါ"

ဟိုတစ်လောတုန်းကကူညီပေးခဲ့တဲ့noona
Yoon Jihyo။အဆက်သွယ်ပြတ်သွားတာတောင်ကြာပါ့။အခုမှဆက်သွယ်ဖြစ်သည်နဲ့တူတယ်။

"အေး noona cafe ဆိုင် မနက်ဖန်ဖွင့်ပြီ အဲ့ဒါလာခဲ့ "

"လာရမှာပေါ့ ကျွန်တော်စာသင်ပြီးရင်လာခဲ့မယ်"

"Oki အေးဆေးမှလာနော် မင်းက Infinity VIP ဆိုလ်းမှာပထမဆုံးခင်တဲ့သူမို့ မင်းကိုရှယ်တကာ့ရှယ် ကျွေးမှာ"

ပေါ့ပေါ့ပါးပါးနဲ့ရွှတ်နောက်နောက်ပြောတဲ့သူမ​ကြောင့် စိတ်တို့ခဏတာပေါ့သွားသလို။

"Nae ကျွန်တော်လာခဲ့ပါမယ်"

"Oki အဲ့ဒါဆိုဒါပဲနော် see youငါ့မောင်"

"See you noona"

Noonaနဲ့phပြောပြီးတော့ ဖတ်လက်စ စာအုပ်ကို ယူလိုက်ပြီး စာအုပ်ထဲကိုသာစိတ်နှစ်ပြီးဖတ်လိုက်သည်။
.
.
.
.
"Ph vibrating 📲📲📲"

ဘယ်လောက်တောင်စိတ်နှစ်လိုက်မိလဲမသိ
Phသံကြားမှာ စိတ်တွေလွတ်မြောက်လာသည်။

Contact Nameကြည့်လိုက်တော hoseok hyung

"Hello hyung"

"ယောင်းလေး ဒီနေ့အပြင်မသွားဘူးလား"

H.O.P.EDonde viven las historias. Descúbrelo ahora