(Unicode)
တစ်ခါမှ မဖြစ်ဖူးသော အိပ်ကောင်းခြင်းနဲ့အတူ သူနိုးထလာခဲ့သည်။ကလေးဆီက ထွက်သွားပြီးနောက်ပိုင်း သူကောင်းကောင်း အိပ်မပျော်ခဲ့။အခုတော့ သူ့ဘေးမှာ ကလေးရှိတယ်ဆိုတဲ့ အသိနဲ့ သူနိုးထလာခဲ့တော့ အရာအားလုံးလဲကောင်းကောင်းမွန်မွန်ဖြစ်လျက်။အခုတော့ သူ့ဘေးနားမှာ ကလေးကမရှိ။အပြင်မှာများ မနက်စာပြင်နေလားမသိ။
သူ ကလေးကို အကြောင်းစုံဖွင့်ပြောမယ်။
သူHaeကို နားလည်အောင်ပြောပြီး ကွာရှင်းမယ်။သားလေးကိုတော့ သူ့အမေရင်းဆီပြန်အပ်မယ်။ပြီးရင် သူ ကလေးနဲ့ အတူ ထွက်သွားမယ်။နှစ်ယောက်သား အတူတူ ပျော်စရာ ကမ္ဘာကြီး ဖန်တီးမယ်။
သူအရင်ကမှားခဲ့တဲ့ အရာတွေ။ကလေးအပေါ် ပျက်ကွက်ခဲ့တဲ့ အရာတွေကို သူ အချစ်တွေလဲ ပြန်လည်ဖြည့်စည်းမယ်။
ကလေးကို ကမ္ဘာပေါ်မှာ အချစ်တတ်ဆုံး လူသား ဖြစ်အောင် သူ နေမယ်။ကလေးရဲ့ မျက်နှာ တစ်ချက်မညိုးအောင် သူ လိုလေသေးမရှိ ဖြည့်စည်းပေးမယ်။သူရဲ့ ပျော်ရွှင်စရာ စိတ်ကူး ယဥ်ကျောကနေ ထွက်လာလိုက်ပြီး အိပ်ခန်းထဲက ထွက်လာကာ ကလေးကို လိုက်ရှာမိသည်။
"ကလေးရေ Tae"
အသံလဲတိတ်နေတာကြောင့် မီးဖိုခန်းဝင်မိတော့လဲမရှိ။အုပ်ဆောင်း အုပ်ထားတဲ့ ဇကာ တစ်ခုနဲ့အတူ စာလေးတစ်စောင်။
"ကျွန်တော်အပြင်သွားတာမလို့ တံခါး သော့ခတ်ခဲ့ပြီး ပြန်တော့ပါ"
ထိုစာလေးမျှသာ ချန်ခဲ့တာကြောင့် သူရင်ထဲ မကောင်းလျက်။ရပါတယ် ကလေးလဲ ရှက်နေမှာဆိုးတော့ ထွက်သွားတာနေမှာပါ။နောက်မှပဲ အတိုးချချော့ကာ အနမ်းတွေပေးတော့မည်။ဒါပေမဲ့သူ့စိတ်ထဲနဲနဲတော့ခုမိသေးသည်။သူကတော့ သတင်းကောင်းပေးချင်ပေမဲ့ ကလေးကမရှိတော့ နောက်မှပဲပြောရတော့မှာပေါ့။
လက်ထဲက စာရွက်အား သူနမ်းလိုက်ကာ"ကိုယ်တို့နီးဖို့ မလိုတော့ဘူး ကလေးရေ"
...ကံကြမ္မာဆိုတဲ့ အရာကြီးက ကြိုတွေးထားသလို မဖြစ်ခဲ့ရင်ရော.....
🍀
ညက ကိစ္စကြောင့်Jungkook အနားမှာမနေနိုင်တော့တာကြောင့် သူတို့ရဲ့ အရင်က လာနေကျ နေရာလေးဖြစ်တဲ့ ဟန်မြစ်နားက ထိုင်ခုံပေါ်မှာ သူအကြောင်းမဲ့ထိုင်နေမိသည်။လက်မှာ ကိုင်ထားတဲ့ ဆွဲကြိုးလေးကိုင်ကာ သူအတွေးများနေမိသည်။ နောက်ဆုံးအနေနဲ့ သူချစ်ရတဲ့ လူသားနဲ့အတူ နေခဲ့သည်။နောက်ဆုံးအနေနဲ့ သူ မြတ်နိုးရတဲ့ လူသားရဲ့ နှဖူးကို နမ်းရှိုက်ခဲ့သည်။နောက်ဆုံးအနေနဲ့ သူ ချစ်ရတဲ့ သူရဲ့ မျက်နှာကို အဝကြည့်ခဲ့သည်။ဒီနေ့ ပဲ ဒီနေ့ပြီးရင် နောက်နေ့ကျရင် သူချစ်ရတဲ့ လူသားနားကနေ သူထွက်သွားတော့မယ်။သူချစ်ရတဲ့ လူသားရယ် သူခင်မင်ရတဲ့ သူတွေရဲ့အနားကနေ သူထွက်သွားတော့မယ်။ဘယ်တော့မှ မတွေ့နိုင်တော့တြ နေရာကို ထွက်သွားတော့မယ်။အနည်းဆုံးတော့ သူချစ်ရတဲ့သူ သူ့ကိုမေ့ပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်ခဲ့ဖို့မျှော်လင့်ပါတယ်။
YOU ARE READING
H.O.P.E
Fanfiction(Unicode) မျှော်လင့်ချက်ပျောက်ဆုံးနေတ့ဲသူတို့ လေးဦး................. (Zawgyi) မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့သူတို့ လေးဦး.................