H.O.P.E (23)

6.4K 618 92
                                    

(Unicode)

"အခုလို Gwangcheon ဆေးရုံကြီးသစ်ကို ပါဝင်ကူညီပေးကြတဲ့ ရှယ်ရာရှင်တွေ ဆရာဝန်တွေ nuresတွေအားလုံးကို ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်"

ဆေးရုံအုပ်ကြီးBang Sihyukပြောစကားအပြီးမှာ ကျွန်တော်တို့အားလုံးလက်ခုပ်တီးကာ အဆုံးသတ်ပေးလိုက်ကြသည်။

ဒီနေ့ကဆေးရုံဖွင့်ပွဲနေ့ဖြစ်တာကြောင့် ဆရာဝန် Nurseတွေအားလုံး အလုပ်များကြလျက်။ဒဏ်ရာကမသက်သာပေမဲ့လဲ သူလှုပ်ရှားလို့ရတာကြောင့် ဆေးရုံဖွင့်ပွဲကိုလုပ်ခိုင်းလိုက်သည်။

သူလက်ခုပ်တီးပြီး ဟိုရှာ ဒီရှာ လုပ်နေမိသည်။မနေ့က သူ့ကို လူလိမ်ကြီးလို့အော်ပြီးထွက်သွားတဲ့ကောင်လေးကို။

ပွဲစဖွင့်ကထဲရှာတာ အခုထိမတွေ့သေး။ဘယ်တွေများရောက်နေလဲကလေးရာ။

"Jeon Jungkook Ssi ဖဲကြိုးသွားဖျက်ရအောင်လေ"

သူ့ကို ပုခုံးပုတ်ကာခေါ်လာတဲ့Kim Namjoon ကြောင့် သူ့ရှာပုံတော်အစီစဥ်ကြီးပျက်သွားရသည်။

ဘယ်လိုတောင်ကလေးအပေါ်စိတ်ရှိနေလဲသူမသိလိုက်။ဟောခန်းထဲကြည့်လိုက်တော့ လူအနည်းကျင်းသာရှိတော့သည်။သူလဲKim Namjoon ကိုပြုံးပြလိုက်ကာ

"သွားမယ်လေ"
.
.
.
.
"Jeon Jungkook Ssiကို ကတ်ကြေးဗန်းသယ်ပေးမဲ့သူကဘယ်သူလဲ"

Dr.Namjoonက သူ့အား ကတ်ကြေးဗန်းရှာပေးနေလေသည်။သူကတော့ သူ့ကိုနေရာထားတာပေးသော နေရာ၌သာ။

"ကတ်ကြေးရပါပြီ"

သူနားထဲသို့ဩရှရှ အသံကြားလို့မော့ကြည့်လိုက်တော့ ကလေးငယ်။

"ကလေး"

သူတိုးတိုးရေရွတ်မိတော့ သူ့အားမသိချင်ယောင်ဆောင်နေသည်။နေနိုင်လိုက်တာဗျာ။ဒီလူကိုတစ်ခါမှ မတွေ့ဖူးသလို ဟန်ဆောင်နေတာ ပီပြင်လွန်းတယ်။ အနီးကပ်မြင်နေရတဲ့ ပါးပေါ်ကအမွေးညင်းညင်းလေးကို သူ နှုတ်ခမ်းနဲ့ ထိတွေ့ချင်စိတ်ထိန်းလို့မရ။
အင်း စိတ်ထဲရှိတဲ့အတိုင်းသာလုပ်ရင် အရှက်ကွဲတော့မှာပဲ။

"သူဌေးJeon Jungkook Ssi Camera ဘက်လေးကြည့်ပေးပါ"

Camera manပြောလာသည်မို့ သူလဲ ကတ်ကြေးယူလိုက်ကာ cameraကို ကြည့်လိုက်သည်။

H.O.P.EOnde histórias criam vida. Descubra agora