(Unicode)
သူ accident ဖြစ်တာကြောင့် ဆေးရုံဖွင့်ပွဲကို နောက်ဆုတ်လိုက်ကြသည်။အဆင်ပြေပါတယ်လို့ပြောပေမဲ့လဲ အားနားလို့ပါဟူသော ကြောင့် တစ်ရက်ရွေ့လိုက်ရသည်။ဘယ်ဘက်လက်တစ်ဖက်အရိုးအက်သွားပြီး ခြေထောက်ကနဲနဲယောင်သွား
တာသည်။သူ့အတွက် နေ့လည်စာ ညစာထမင်းကို Dr.Kim Namjoonရဲ့ ခင်ပွန်းKim SeokJinကလာပို့ပေးသည်မို့အဆင်ပြေသည်။ သူကတော့ ပတ်တီးကြီးတကားကားနဲ့ပေါ့။"ဒေါက် ဒေါက် ဒေါက်"
အခုတော့ သူအပျင်းပြေဖတ်ရင် ဖတ်လို့ရအောင်ဆိုပြီးယူလာတဲ့စာအုပ်ဖတ်နေတုန်း တံခါးခေါက်သံကြားလို့ Kim Seok Jinအထင်ဖြင့်ဝင်ခဲ့ခိုင်းလိုက်သည်။
"ဘုတ်!!"
ပြုတ်ကျသံကြားလို့သူကြည့်လိုက်တော့ သူရှာနေတဲ့သူ့ချစ်သူ...
နောင်တတွေတစ်ပွေ့တွေနဲ့ကျန်အောင်ပြုလုပ်ပေးခဲ့သူ...
တောင်းပန်ခွင့်တောင်မပေးခဲ့တဲ့သူ.."ကလေး"
သူခေါ်လိုက်တော့ လှစ်ခနဲပြေးသွားတဲ့သူ..
စာအုပ်ကိုပစ်ချလိုက်ကာ သူ့နောက်လိုက်သွားလိုက်တော့ အရှောင်ကောင်းတဲ့ကောင်လေးက အပြေးလဲမြန်သည်။"ကလေး!!! အ့!"
သူပြေးကာလိုက်တော့ ပွန်းပဲ့နေတဲ့ ခြေထောက် ဒဏ်ရာက ဆစ်ခနဲ့
"အား!!"
ဒူးခွေကျသွားပြီး ခြေထောက်ကိုကြည့်လိုက်တော့ ပိုယောင်လာသလိုပင်။အားပါးပါး နာကျင်မှုကမပြောပြတတ်လောက်အောင်ပင်။
"ခင်ဗျား ဘာလို့ပြေးတာလဲ ရူးနေလား အနာဖြစ်နေတဲ့ဟာကို"
သူ့အနားကိုပြေးလာကာ လက်မောင်းကိုလာတွဲရင် အော်လာတဲ့ကောင်လေးကြောင့်မော့ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်။
"ဟို"
"ဘာဟိုလဲ ထ ကျွန်တော့်ကိုတွဲ"
ထိုကောင်လေးက ထူတာကြောင့် သူလဲ ထလိုက်သည်။
"ဘယ်အခန်းလဲ"
"1230"
.
.
.
.
.
"ကျွန်တော့်နာမည်က Park Jihoon။ဒီက Nurse။ခင်ဗျားက ရှယ်ယာရှင်ဆိုတာလား"
YOU ARE READING
H.O.P.E
Fanfiction(Unicode) မျှော်လင့်ချက်ပျောက်ဆုံးနေတ့ဲသူတို့ လေးဦး................. (Zawgyi) မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့သူတို့ လေးဦး.................