H.O.P.E (6)

7.6K 788 55
                                        

(Zawgyi)

"Aww EunWoo Appa,လာလည်တာ
လာတာ EunWoo-အင့်"

ကျွန်တော့်ကိုမသိချင်ယောင်ဆောင်
ပြီး စကားပြောနေတဲ့ကောင်လေးကို
ဆွဲဖက်လိုက်တော့ ရင်ခွင်ထဲပြိုကျလာ
တဲ့ကျွန်တော့်ကလေး

"ကလေး"

"Jeon jungkook ssi,ဘာလုပ်တာ
လဲ လွှတ်"

ရင်ခွင်ထဲကအတင်းရုန်းနေတဲ့ကလေး
ငယ်ကို ထွက်သွားမှာဆိုးသည့်အလား
ကျွန်တော်ဖတ်ထားမိသည်။

"ခဏလေးပါ ခဏလေးပါကလေးရယ်
ကိုကိုအရမ်းလွမ်းနေတာ"

ကျွန်တော်ကသာပြောနေပေမဲ့ကလေး
ကတော့ တုတ်တုတ်မျှမလှုပ်တော့...

"ချစ်တယ် ကလေး"

Taehyungထိုစကားကြားလိုက်တော့
Jungkookကိုတွန်းလိုက်ပြီး

"Jeon jungkook ဘာတွေပြော
နေမှန်း ကျွန်တော်မသိပါဘူး။
အခုကိစ္စကို ကျွန်တော်မရှိခဲ့သလိုသ
ဘောထားပေးပါမယ်"

Taehyungတစ်ယောက်ပြောအပြီး
ကျောခိုင်းကာထွက် သူ့ကိုလှည့်ကာ
ပုခုံးနှစ်ဖက်ကိုတင်းတင်းကိုင်လိုက်
သောjungkook

"ကလေး!!,ဘာစကားပြောလိုက်တာ
လဲ ကိုကို့ကိုမမှတ်မိတော့ဘူးလား"

မယုံနိုင်တဲ့မျက်ဝန်းများဖြင့်jungkook
မေးလိုက်တော့ အသက်မပါတော့တဲ့
မျက်ဝန်းများဖြင့်

"သခင်လေး"

"ကလေး ကိုကိုကို့အဲ့လိုမခေါ်နဲ့ ကိုကို
မကြိုက်ဘူးဆိုတာသိရက်နဲ့"

"သခင်လေး ဖြစ်ခဲ့လို့သခင်လေးခေါ်
တာလေ"

Taehyungစကားများအဆုံးပုခုံး
ပေါ်မှလက်များကိုတင်းကြပ်လိုက်
သော jungkook...

"ကိုကိုလို့ခေါ်!!!"

အံကြိတ်ကာjungkookပြောလိုက်
တာကြောင့်taehyungမျက်ရည်များ
ဝေ့ခနဲ....

"ကိုကို?,သူကကျွန်တော့်ဘဝထဲမှာသေဆုံးသွားကြာပြီ"

"ကလေး ကိုယ့်ကိုမလိမ်နဲ့ ဘာလို့
ကိုကိုကို့မသိချင်ယောင်ဆောင်နေတာ
လဲ"

"မသိချင်ယောင်ဆောင်တာမဟုတ်ပါ
ဘူး သိကိုမသိတော့တာ။ကျွန်တော်သိ
တဲ့ကိုကိုက ကျွန်တော့်မျှော်လင့်ချက်ကို
ရိုက်ချိုးမှာမဟုတ်ဘူး"

H.O.P.ETahanan ng mga kuwento. Tumuklas ngayon