(Unicode)
Jungkook ဒီနေ့ အိမ်ပြန်မယ်လုပ်ထားတာကြောင့် အလုပ်ပြီးတော့ တစ်ခါထဲအိမ်ကိုသာတန်းပြန်ခဲ့လိုက်သည်......
အိမ်ပြန်ရောက်တော့ သူ့ကိုချွဲစိန်နေတဲ့သား
"Daddyကိုလွမ်းနေတာ ညကလဲမတွေ့ ဒီမနက်လဲမတွေ့တော့"
"Aigoo daddyလဲ daddyသားလေးကိုလွမ်းနေတာပါ"
"ဟွန့်"
စိတ်ဆိုးသလို နှုတ်ခမ်းလေးဆူပြီး ဟိုဘက်လှည့်သွားတာမို့ ထိုကောက်စိန်လေးကိုချီလိုက်ပြီး.
"Daddy ကောက်စိန်လေး ကဲပြော ဘာလုပ်ချက်လဲ စိတ်ဆိုးပြေအောင်"
"ကစားကွင်း ကစားကွင်းသွားချင်တယ်"
လည်ပင်းဖက်ပြီးအော် မျက်လုံးတောက်တောက်နဲ့ အော်နေသည်မို့ ကျွန်တော်လဲ ပြုံးလိုက်ပြီ
"ဟုတ်ပါပြီ ရေချိုးသွား အခုသွာမယ်"
" Yayyyy mommyရေ အပြင်သွားမယ်!!!"
သားကအော်ပြီး ရေချိုးခန်းထဲဝင်သွားသည်မို့ Hae မီးဖိုခန်းထဲကထွက်လာပြီး
"ဟဲ့ ဘာတုန်း"
"ကိုယ်တို့သူ့ကို ကစားကွင်းလိုက်ပို့ရင်းနဲ့ ညစာအပြင်မှာသွာစားကြမယ် Haeလဲသွားပြင်တော့"
"Awwဟုတ်ပြီမောင် Hae သားကိုသွားပြင်ပေးလိုက်ဦးမယ်"
Haeလဲပြောပြီးအိမ်ပေါ်ထပ်သို့တက်သွားသည်။ကျွန်တော်လဲအောက်ထပ်က ရေချိူးခန်းထဲမှာပဲရေချိုးဖို့စီစဥ်လိုက်သည်.......
.
.
.
.
.
.
ဘယ်ဘက်ကကျွန်တော့်လက်ကိုကိုင် ညာဘက်လက်ကသူ့mommyလက်ကိုကိုင်ပြီး ပျော်နေတဲ့သား..."Daddy သား ဟိုဟာကြီးစီးချင်တယ်"
သားပြတဲ့နေရာကိုကြည့်လိုက်တော့ ပင်လယ်ဓားပြ လှေကြီး
"ဒါကအကြီးကြီးပဲ သားရဲ့ သားစီးချင်ရင်daddyကလေးစီးလေရှာပေးမယ်ခဏလေးနော်"
"Nae daddy"
ကစားကွင်းကိုပတ်ရင်းနဲ့သားလေးစီးချင်တဲ့ဟာလေးတွေအရင်စီးခိုင်းလိုက်သည်။
မြင်ရုပ်ကြီးစီးနေတာကြောင့်Haeနဲ့ကျွန်တော်အပြင်ဘက်ကနေကြည့်နေသည်။
YOU ARE READING
H.O.P.E
Fanfiction(Unicode) မျှော်လင့်ချက်ပျောက်ဆုံးနေတ့ဲသူတို့ လေးဦး................. (Zawgyi) မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့သူတို့ လေးဦး.................