(Unicode)
လှရက်ပါသောသက်ရှိပန်းပုရုပ်လေး....
အနုစိတ်ရေးခြယ်ထားတဲ့ ဆေးရေးပန်းချီတစ်ခုအသက်ဝင်နေသလို.....
ဝင်လေ ထွက်လေ ညီမျှစွာ ရှုသွင်းပြီး အိပ်ပျော်နေတဲ့ သူ့ရဲတစ်ဦးထဲမရှိသော ချစ်ရပါတဲ့ကလေး Tae.....။မညီမျှစွာဝဲကျနေတဲ့ ဆံပင်ဝဲဝဲလေးတွေကိုသပ်တင်ပေးပြီး ကလေးရဲ့ပါးပေါ် လက်လေးတင်ထားမိသည်......။
နူးညံ့စွာပွပ်သပ်လိုက်သော သဘောကျသလိုတိုးဝှေ့လာသည်.........။
ကိုယ်တို့ဒီလိုမျိုးအတူမနိုးထတာဘယ်လောက်တောင်ကြာပြီလဲကလေးရယ်။
ညစဥ်ညတိုင်း ကျဥ်းကျပ်တဲ့ကုတင်လေးထဲမှာ မအိပ်ပါနဲ့ကိုကိုကျောနာမည်ဟုပြောပေမဲ့ သူခေါင်းမာစွာဝင်အိပ်ခဲ့ပြီး ကြည်နူးစွာနိုးထလာတဲ့သူနဲ့ကလေးတို့ရဲ့မနက်ခင်းတွေ....။
အတိတ်တို့နဲ့အတူကပ်ပါလာသော လက်ရှိနောင်တတရားများ......။
အခုလက်ရှိမှာပင် ဆုံးဖြတ်လိုက်တဲ့အနာဂတ်အတွက်ရည်ရွယ်ချက်........။
"ကိုယ်မင်းကို လက်လွှတ်အဆုံးရှုံးမခံနိုင်တော့ဘူး ကလေး ဘယ်အရာပဲဖြစ်လာလာ"
နောက်ထပ်ပါးလေးကိုပွတ်သပ်ပေးလိုက်တော့ မျက်လုံးလေး ဖွင့်လာသည်။
ကိုယ့်ကိုမြင်တော့ လန့်သွားတဲ့ မျက်လုံးအစုံ
သူရော ကိုယ်ရော ညကကိစ္စကြောင့် ခန္ဓာကိုယ် မှာ ဗလာနတ္ထိ....။စောင်ကိုဆွဲလိုက်ပြီး ထောင့်ကိုကပ်သွားတဲ့
ကလေး။မျက်ဝန်းတွေမှာလဲ ကြောက်လန့်မှုတွေအပြည့်ဖြင့်။"ကလေး"
"Jeon Jungkook ထွက်သွား"
"ကိုယ်ပြောတာလေး"
"ဘာမှမကြားချင်ဘူး ထွက်သွားတော့"
ခါးသီးစွာ ငြင်းဆိုနေတဲ့ ကောင်လေးနားကိုတိုးသွားပြီး ဆွဲဖက်လိုက်တော့ အတင်းရုန်းရှာသည်။
"လွှတ်jeon jungkook ငါကို့လွှတ်စမ်း"
"မလွှတ်နိုင်ဘူး ကလေး ကိုကိုမင်းကိုလက်မလွှတ်တော့ ကိုကိုဘယ်အရာပဲဖြစ်လာဖြစ်လာကလေးကိုလက်မလွှတ်တော့ဘူး"
YOU ARE READING
H.O.P.E
Fanfiction(Unicode) မျှော်လင့်ချက်ပျောက်ဆုံးနေတ့ဲသူတို့ လေးဦး................. (Zawgyi) မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့သူတို့ လေးဦး.................