(Unicode)
"ဆရာ သားကို ဟိုအန်တီဆီခေါ်သွားပေးမယ်ဆို"
စာရေးနေရင်းနဲ့မှ ထပြောလာတဲ့Eun Wooကြောင့် ပေးထားမိတဲ့ ကတိကိုပြန်သတိရလာမိသည်။
"အင်း လိုက်ပို့ပေးမယ် သားဒီနေ့အားလား"
"Nae"
"အဲ့ဒါဆို ဒီစာတွေအကုန်မှန်ရင် လိုက်ပို့ပေးမယ်"
"Yayyyy ကျေးဇူးတင်ပါတယ် ဆရာ"
ကျေးဇူးတင်စကားပြောပြီး စာကိုသေချာပြန်လုပ်နေတဲ့Eun Woo။ကျွန်တော်လဲ သူ့အတွက် စာမေးပွဲမေးခွန်းများ ပြန်ရေးနေလိုက်သည်။
"အစ်မHae ကျွန်တော် Eun Wooကို ဟိုတစ်ခါက ကော်ဖီဆိုင်ကိုခေါ်သွားချင်လို့ပါ"
"အော် ရပါတယ်ဆရာ ကျွန်မလဲ လိုက်မယ်လေ ဆရာ ဒီမျောက်ကိုထိန်းရမှာ အားနာလို့"
"ရပါတယ်"
သူ့အမေကိုဆူပုတ်ပုတ်ကြည့်နေတဲ့Eun Wooကြောင့် ကျွန်တော်နဲ့အစ်မHaeပြိုင်တူရယ်မိသည်။
"ဘာလို့ရရမှာလဲ လိုက်ပို့မယ်"
ဘယ်ကနေဘယ်လိုပေါ်လာမှန်းမသိတဲ့Jungkook
Taehyungမျက်နှာတစ်ချက်ပျက်သွားပေမဲ့ အမြန်ထိန်းလိုက်ပြီး
"ရပါတယ် ကိုယ့်ဘာသာကိုယ်ပဲသွားလိုက်ပါမယ် EunWooသွားရအောင် "
"မရပါဘူး Eun Woo အကျီသွားလဲ Haeရောပဲ ကိုယ်နဲ့ဆရာ အောက်မှာစောင့်နေမယ်"
တဇွတ်ထိုး လုပ်နေတဲ့Jungkookကို ဘာမှမပြောတော့ပဲ အိမ်ပြင်ကိုသာထွက်လာခဲ့လိုက်သည်။
ခြံထဲရောက်တော့ အနောက်ကနေ လက်လှမ်းဆွဲတဲ့သူ
"ကလေး ဘယ်သွားမလို့လဲ"
လူကိုသူ့အပိုင်လိုပြောနေတဲ့Jungkookလက်ကို ရုန်းလိုက်သည်။
"Eun Woo Appa လူကျင့်ဝတ်ကိုတော့ နားလည်တယ်မလား။ကိုယ့်သားဆရာကိုတော့ လေးလေးစားစားဆက်ဆံပါ။"
"ကလေး!!ကိုယ် ငြိမ်နေလို့ အကောင်းမထင်နဲ့နော် ဒီနေရာမှာ တင် မင်းနဲ့ကိုယ့်ရဲ့ဇာတ်လမ်းကို အကုန်သိစေချင်လား"
"ခင်ဗျားရဲ့ တိရစ္ဆာန် လုပ်ရပ်တွေကို သိစေချင်ရင်လုပ်လိုက်လေ"
YOU ARE READING
H.O.P.E
Fanfiction(Unicode) မျှော်လင့်ချက်ပျောက်ဆုံးနေတ့ဲသူတို့ လေးဦး................. (Zawgyi) မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့သူတို့ လေးဦး.................