(Unicode)
"Yoonjiရယ် ငါနှယ့်သေသာသေလိုက်ချင်တယ်။မနေ့ကပဲSeoulတက်လာတယ် ဒီနေ့ပဲ သံလက်ကောက်စွပ်ရမဲ့အကွက်တွေ လာလုပ်နေတယ်"
"အဲ့လူကြီးက နှာဘူးလာကျတာကို"
"တိတ်တော့!"
အမေရဲ့ဆူသံကိုသူပြန်ပြော သူ့ရဲ့အစ်ကိုYoongiဆီမှ ဟောက်သံကြားလိုက်ရသဖြင့် ပါးစပ်ပိတ်သွားရသည်။
ဒါတွေကသူ့အမှားမှမဟုတ်တာ။ထိုလူကြီးအရင်လာစပြီးတော့ သူကပဲအဆူခံနေရတယ်။"သေများသေသွားပြီလားမသိပါဘူး"
"မသေနိုင်ပါဘူးဗျာ သတိမေ့နေတာ ကြည့်ပါလားပြုံးပြုံးကြီးန့ဲ ဘယ်မသာကပြုံးပြုံးသေနေတာရှိလဲ"
"Min Yoonji"
"အားရှ်"
ပြုံးပြုံးကြီးမေ့နေတဲ့ထိုလူကို လက်ညိုးထိုး
ပြောလိုက်တော့ ထပ်မံကြားလိုက်တဲ့Yoongi Oppaရဲ့ အံကြိတ်သံ။"မသေပါဘူးJiminအစ်ကိုပြောတော့ အလုပ်ဖိလုပ်တာရယ်အားနည်းတာရယ်ရောသွားလို့ပါ"
"တော်ပါသေးတယ် နိုးလာရင်တောင်းပန်ဖို့ပြင်တာ အမွှေစိန်မ"
"အား omma!!"
သူမခေါင်းကို လာခေါက်တာကြောင့်သူမအော်လိုက်မိသည်။
"အင်း အင်း"
ခဏနေတော့ နိုးလာတဲ့အဲ့ဦးလေးကြီး သူ့ကို့မြင်တော့ လက်ညိုးကြီးတစ်ထိုးထိုးဖြင့်
'ဘာလဲ ဘာလဲ ဘာလဲ'
စိတ်ထဲမှာ လျှာထုတ်ပြီးပြောင်ပြလိုက်ချင်ပေမဲ့လည်း အမေ့လက်သံနဲ့Yoongi oppaကိုကြောက်တာကြောင့် မျက်လုံးသာပြူးပြလိုက်သည်။
"ဟို သားနာမည်က"
"Jung Hoseokပါ"
"သားရယ် အန်တီတို့လဲ ဖြစ်ခဲ့သမျှတွေသိပြီးပါပြီ။အန်တီသမီးအမှားဖြစ်တာကြောင့် အန်တီတို့ကပဲတောင်းပန်ပါတယ်နော် ဆေးရုံစရိတ်တွေကိုလဲ အန်တီတို့ပဲပေးပါမယ်နော်"
"အာ ရပါတယ်"
မချိပြုံးပြုံးကာ အမေတောင်းပန်တာကိုလက်ခံတဲ့ထိုလူကြီး။မျက်နှာကြီးကိုက
YOU ARE READING
H.O.P.E
Fanfiction(Unicode) မျှော်လင့်ချက်ပျောက်ဆုံးနေတ့ဲသူတို့ လေးဦး................. (Zawgyi) မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့သူတို့ လေးဦး.................