H.O.P.E (26) Finale

11K 698 25
                                    

(Unicode)

"ကျွန်တော်Jeon Jungkookသည် Kim Taehyungအား လက်တွဲဖို့အတွက် ယနေ့မှစပြီး ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ အိုအောင်မင်းအောင်ပေါင်းသင်းပါမည်ဟု ကတိပြုပါသည်"

"ကျွန်တော်Kim Taehyungသည် Jeon Jungkookအား လက်တွဲဖို့အတွက် ယနေ့မှစပြီး ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ အိုအောင်မင်းအောင်ပေါင်းသင်းပါမည်ဟု ကတိပြုပါသည်"

"ယခုအချိန်မှစ၍ အသင်တို့နှစ်ယောက်တရားဝင် အကြင်ခင်ပွန်းဖြစ်သွားကြပါပြီ"

ဖာသာရဲ့စကားအဆုံးမှာ သူတို့နှစ်ဦး၌ မူပိုင်အပြုံးများဖြစ်လျက်။

Gwangcheon မှာ နှစ်ယောက်ထဲဆောင်ပြီးတော့ အခု ကိုကိုရဲ့ ဆန္ဒအရ seoul မှာ တရားဝင် ဧည့်သည်များဖိတ်ကြားကာ ထပ်မံပြုလုပ်သော wedding။

"အသင်တို့နှစ်ယောက် နမ်းနိုင်ပါပြီ"

ဖာသာ စကားအပြီး ကျွန်တော့် ပါးအားလက်နှစ်ဖက်ဖြင့် အုပ်မိ​ုးကာ ထိကပ်လာသည့် ကိုကိုရဲ့ အနမ်းများ။
သူမျက်စိမှိတ်ကာ အပေးအယူညီမျှစွာ ခံယူနေမိသည်....။

"ကျေးဇူးပါ ကျေးဇူးတင်ပါတယ်"

"Taehyung"

"Seok Jin hyung"

နှစ်ယောက်အတူတူ ဧည့်သည်တွေကိ​ု နှုတ်ဆက်နေတုန်း သူတို့အနားရောက်လာသည့်Seok Jin hyungနဲ့ Namjoon hyung။

"ကောင်းကောင်းနေခဲ့နော် သတိရရင် Hyungတို့ဆီလဲ အလည်လာ"

"ဟုတ် hyungတို့လဲကောင်းကောင်းပြန်ပါ"

"အင်း Joonအလုပ်ရှိသေးလို့ပြန်တော့မယ်"

Seok Jin Hyungနဲ့ တစ်ခေါက်လောက်ပွေ့ဖက်ကာ သူတို့ နှုတ်ဆက်နေလိုက်သည်။ကိုကိုနဲ့Namjoon hyungကတော့ တစ်ယောက်ကိုတစ်ယောက်ပြုံးလျက်။

Seok jin hyungတို့ကို နှုတ်ဆက်နေတုန်း အနောက်နေရောက်လာတဲ့ အစ်မHaeနဲ့ Hoseok hyung

"ဝမ်းသာပါတယ်ဆရာ"

"အစ်မHae Taehyung လိ​ု့ပဲခေါ်ပါ"

H.O.P.EWhere stories live. Discover now