(Unicode)
"Hahaha Eunရေ ကိုယ်လာပြီနော်"
ကြောက်တယ်သူ့ကို စိတ္တဇ မျက်လုံးတွေနဲ့ ကြည့်နေတဲ့သူ။Haeပြေးနေပေမဲ့ သူ့အနားကမလွတ်နိုင်သေးဘူး။အနောက်က နေလိုကလာတဲ့သူ။
"မောင်"
ဟုတ်တယ် အရှေ့မှာ Haeကို ကြိုဆိုနေတဲ့မောင်။မောင်ဆီအပြေးသွားပေမဲ့ တစ်ဖြေးဖြေး မြူလိုပျောက်ကွယ်သွားတဲ့ မောင်။ဟင့်အင်း မောင်Haeကို ကယ်ပါဦး။
"မောင်!!!!! အ့"
"HAHAHAHA ပြေးမလွတ်ပါဘူးEunရာ"
ရှေ့ချော်ကာ လဲကျသွားတော့ဓားတစ်ချောင်းနဲ့ ရှေ့တိုးလာတဲ့သူ။ တရွတ်တိုက်နောက်ဆုတ်ပေမဲ့ ထိုနေရာမှ သူမမရွေ့တော့။
"မလုပ်ပါနဲ့ တောင်းပန်ပါတယ် တောင်းပန်ပါတယ်"
ထိုသူလက်မြောက်လိုက်တော့ လက်ခနဲဖြစ်သွားတဲ့ ဓား...
အား!!!!!!"
"Hae Haeဘာဖြစ်တာလဲ Haeထပါဦး"
ဆိုးဝါးတဲ့ အိပ်မက်ကနေ သူမနိုးထလာတော့ စိုးရိမ်တကြီး ကြည့်နေတဲ့မောင်။
ချွေးတရွှဲရွှဲ မျက်လုံးမှိတ်ကာ အော်နေတဲ့Haeကြောင့် စိုးရိမ်တကြီး နှိုးလိုက်တော့ နိုးလာကာ သူ့ကိုအတင်းဖက်ထားသည့်သူမ။
"Hae ဘာဖြစ်-"
"မောင် Haeကြောက်တယ် Haeကြောက်တယ် "
ဘယ်လိုအိပ်မက်စိုးမက်လို့လဲမပြောတတ်
သူ့ကိုဖက်ကာ ငိုနေသည့်သူမ။သက်သာလို သက်သာငြား ကျောပြင်ကို ပွတ်သပ်ပေးလိုက်သည်။"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ်နော် ကိုယ်ရှိတယ်"
ကျောပြင်ကိုပွတ်ပေးပြီး လှဲချလိုက်သည်။
မျက်လုံးမှိတ်သွားတာကြောင့် လက်လွှတ်လိုက်တော့"မောင် Haeကို မလွှတ်လိုက်ပါနဲ့"
"အင်း အင်း မောင်ရှိတယ် အိပ်လိုက်နော်"
သူ့လက်ကိုကိုင်ကာ အိပ်ပျော်သွားတဲ့သူမ။တောင်းပန်ပါတယ်Hae။မင်းအတွက် ကိုယ် ဘယ်တော့မှ မစဥ်းစားပေးမိခဲ့ဘူး။
ဦးစားမပေးခဲ့ဘူး။တောင်းပန်ပါတယ်။
မရည်ရွယ်မိခဲ့ပေမဲ့ ကိုယ့်ကြောင့်ဖြစ်ခဲ့တာမို့တောင်းပန်ပါတယ်။
.
.
.
Haeကို သိပ်ပြီး သူအောက်ဆင်းလာလိုက်သည်။အခုတလော Haeကို ကြည့်ရတာ သိပ်မူမမှန်။ဟိုတစ်ခေါက် shoppingက ပြန်အလာပြီးကထဲက ဖြစ်နေတာရိပ်မိသည်။အိမ်အလုပ်တွေ ဖိလုပ်လို့သာ ဟု တေးမှတ်ထားပေမဲ့ အခုပုံစံက တစ်ခုခု ကြောက်ရွံနေသလိုပင်။သူ့အပေါ် ရိုးရိုးသားသား စိတ်ရှိပေမဲ့ ၆နှစ်ကျော်တာ အတူတူနေခဲ့တဲ့ သံယောဇဥ်ကြောင့် စိတ်တော့ ပူမိတာ အမှန်ပင်။
YOU ARE READING
H.O.P.E
Fanfiction(Unicode) မျှော်လင့်ချက်ပျောက်ဆုံးနေတ့ဲသူတို့ လေးဦး................. (Zawgyi) မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့သူတို့ လေးဦး.................