H.O.P.E (18)

6.7K 701 72
                                    

(Unicode)

"ရှင်ဘာပြောစရာရှိလို့လဲ မြန်မြန်ပြော"

Phဆက်ပြီး ပြောစရာရှိလို့ပါဟု​ပြောလာသောကြောင့် မထွက်လာချင်သော်လည်း ဒိီတစ်ခေါက်လာရင် နောက်တစ်ခါသူ့ကို ထပ်မတွေ့စေရတော့ဘူး ဟူသော စကားကြောင့် ရောက်လာခဲ့ရသည်။ရောက်တော့လဲ ဘာစကားမှမဆိုပဲ သူမကိုသာ ထိုင်ကြည့်နေသည်။

"Min SoHyung"

"ကလေးကို ဘာလို့မခေါ်လာတာလဲ သူ့အဖေရင်းကို တစ်ခါလောက်တော့မြင်ဖူးသင့်တယ်လေ"

"ဘာကြောင့် ကလေးကရှင့်ကလေးလို့ထင်ရတာလဲ"

သူမရဲ့ စကားကြောင့် အံ့ဩမှုတွေဖြစ်သွားသော သူ့မျက်နှာ။ဘယ်သူမှမသိသော လျှို့ဝှက်ချက် တစ်ခုကိုတော့ ထိုလူကို ပ ထုတ် ရန်အတွက် ပြောရတော့မည်ပေါ့လေ။

"ကလေးကရှင့်ကလေးမဟုတ်ဘူး ကျွန်မကလေးလဲ မဟုတ်ဘူး ကျွန်မရဲ့တူ"

"ဘာ"

"ရှင့်ကလေးကို မွေးခဲ့ပါတယ် ဒါပေမဲ့ မွေးပြီးတစ်ပတ်အကြာမှာ ကျွန်မလက်ပေါ်မှာပဲဆုံးသွားတယ်"

"ဟိုကလေးက"

မယုံနိုင်ဖြစ်နေသောသူ။မယုံလဲ ဒါ အမှန်တရားပဲလေ။

"ကံကောင်းချင်တော့ ကလေးသေတဲ့ အချိန်မှာ ဘယ်သူမှအနားမှာမရှိဘူးလေ။
ကျွန်မအစ်ကိုရဲ့ ကလေးကလဲ ကျွန်မကလေး မှန်ပေါင်းကြောင်ဘေးနားမှာဆိုတော့ ကလေးချင်း လဲလိုက်တာ"

".............ဘာလို့လဲ မင်းမမွေးချင်ခဲ့တဲ့ကလေးမလား........"

အတန်ကြာတိတ်နေပြီးမှပြောထွက်လာတဲ့သူ။

"ဟုတ်တယ် မမွေးချင်ခဲ့ဘူး ဒါပေမဲ့ ကလေးကြောင့် မောင်က ကျွန်မကိုဂရုစိုက်တယ်လေ အဲ့ဒါကြောင့်မို့ လဲလိုက်တာ။ ကဲ သိချင်တာလဲ သိရပြီဆိုတော့ ခွင့်ပြုပါဦး နောက်ထပ်မဆုံကြရအောင်"

အတွေးပေါင်းစုံနဲ့ ကျန်ခဲ့တဲ့ သူ့ကို သူမကျောခိုင်းလိုက်သည်။ပြီးပြီ အားလုံးပြီးခဲ့ပြီ။ အခုဆို သူမအနားမှာ Min So Hyungဆိုတဲ့လူက ထာဝရပျောက်ကွယ်သွားခဲ့ပြီ။
.
.
.
.

မထင်ထားခဲ့သော လုပ်ရပ်ကို လုပ်ခဲ့သော သူမကြောင့် သူဆွံ့အလျက်။တကယ်ပဲJeon Jungkookဆိုသော လူသားအားချစ်သောကြောင့် ထိုသို့လုပ်ခဲ့သည်တဲ့လား။အချစ်နဲ့တွေ့ရင် အရာအားလုံးပြောင်းလဲတတ်တာ သဘာဝမှန်သူသိပေမဲ့ အခုတော့ လက်တွေ့မြင်ခဲ့လိုက်ပြီဖြစ်သည်။နူးညံ့တဲ့အရာက အချစ်နဲ့တွေ့ရင် ကြမ်းတမ်းတတ်သလို။ညစ်နွမ်းနေတဲ့ အရာတွေက အချစ်နဲ့တွေ့ရင်ဖြူစင်တတ်မှန်း သူသိလိုက်ပါသည်။

H.O.P.EWhere stories live. Discover now