(Unicode)
"ဆရာ Kim ဒါက"
"အလုပ်ထွက်စာပါဆရာကြီး ကြိုတင်ထားတာပါ ကျွန်တော်ဒီလပြီးရင် မသင်တော့ပါဘူး"
လက်ထဲက အလုပ်ထွက်စာကိုသေချာကြည့်ပြီး ဆရာကြီးသည် သက်ပြင်းချကာ သူ့ကိုထိုင်ခိုင်းသည်။
"ထိုင်ပါဦးဆရာ"
"Nae"
"အမှန်တိုင်းပြောရရင်ဆရာKimအနေနဲ့ ဒီကျောင်းအတွက်အကောင်းဆုံးတာဝန်ထမ်းဆောင်ခဲ့တာပဲ။ပြီးတော့ ကျောင်းကမည်သူနဲ့မဆိုသင့်သင့်မြတ်မြတ်နေနိုင်တာပဲလေ ဘာကြောင့်ပြောင်းချင်ရတာလဲ ဖြစ်နိုင်ရင် ဆရာ့လို့ ဆရာကောင်း လူကောင်းကိုတော့ ကျွန်တော်တို့ကျောင်းက မပြောင်းစေချင်ဘူးဗျ"
"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ် ဒါပေမဲ့ ကျွန်တော့်မှာလဲ အခက်အခဲနဲနဲပါးပါးရှိတာကြောင့် ဇာတိပြန်ပြီး အဒေါ်ရဲ့ လယ်မှာပဲသွားကူတော့မယ်လို့ ဆုံးဖြတ်ထားလို့ပါ"
ဟုတ်တယ် ဒီမြို့နဲ့ဝေးရာကိုသူသွားတော့မယ်။ဒီမြို့ဆိုတာထက် သူနဲ့ဝေးရာပေါ့။သူဘအစ်မHae၊ Eun Woo၊ Hoseok hyungတို့နဲ့ဝေးရာကိုပေါ့...
သူ့မျှော်လင့်ချက်လေးလဲပျက်စီးခဲ့ပြီပဲ
သူများမျှော်လင့်ချက်လေးတော့ ထပ်မဖျက်ဆီးချင်ေတာ့ချေ။မျှော်လင့်ထားတာမဖြစ်နိုင်ရင် ဘယ်လောက်ခံရခက်မှန်းသူနားလည်တာမလို့ သူများမျှော်လင့်ချက်တော့ မပျက်စီးစေလို။"ကောင်းပါပြီ ဆရာသဘောပါပဲ "
"ဒါဆို ကျွန်တော့်ကိုခွင့်ပြုပါဦး"
ကျောင်းအုပ်ကြီးကိုခွင့်ပြုချက်တောင်းပြီး
သူထွက်လာလိုက်သည်။အဲ့နေ့ထိ အဲ့နေထိပဲသည်းခံရတော့မှာပါ....🍀
"ဆရာ ချိန်ထားတဲ့သူရောက်ပါပြီ"
"အင်း ဝင်ခဲ့ခိုင်းလိုက်ပါ"
သူပြောပြီးခဏအကြာ အခန်းထဲသို့ရောက်လာသောသူတစ်ဦး
"ဒီဓာတ်ပုံထဲကနှစ်ယောက်အကြောင်းစုံစမ်းပေးပါ"
"Nae"
🍀
"မောင် Hae အိမ်မှာလိုအပ်တာလေးကို သွားဝယ်လိုက်ဦးမယ် သားကိုခေါ်သွားမယ်"
YOU ARE READING
H.O.P.E
Fanfiction(Unicode) မျှော်လင့်ချက်ပျောက်ဆုံးနေတ့ဲသူတို့ လေးဦး................. (Zawgyi) မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့သူတို့ လေးဦး.................