(Unicode)
"Suprise ယောင်းလေး"
"H hyung"
"ယောင်းလေးကို Suprise လုပ်ချင်လို့ အိမ်ပြန်ရောက်ရောက်ခြင်းပဲဝင်လာတာ"
Hoseok Hyungကိုမြင်တော့ ဘာပြောရမလဲတောင်မသိတော့ အထဲမှာကလဲJungkook နဲ့။
"က-Hoseok hyung"
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတုန်းအနောက်ကနေထွက်လာတဲ့
Jungkook"ဟမ် jungkookက"
"Hyungအိမ်ထဲဝင်ဦးလေ"
စကားအမြန်ဖြတ်ကာ Hoseok hyungကို အိမ်ထဲ အမြန်ခေါ်ထည့်လိုက်သည်။ Jungkookခုနကချွတ်ထားသော ကုတ်အကျီကိုယူကာ
"Jungkook ကျန် ကျန်ခဲ့တဲ့ အကျီ ပြန်လို့ရပြီနော်"
"ယောင်းလေးက အတင်းကိုနှင်ထုတ်နေတာပဲ Jungkookက ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ"
"ကျွန်တော်ကလား"
Taehyungကိုကြည့်ကာ ပြောဟန်ပြင်နေတဲ့jungkookကြောင့်
"သူ သူကို့ ညကဒီမှာ သိပ်လိုက်တာ ကျွန်တော်လဲ ကားမမောင်းတတ်တာနဲ့ Taxiကလဲအဝေးမလိုက်တာနဲ့ အိမ်ပဲငှားလိုက်တာ Jungkook Ssi ခုန အစ်မHae ph ဆက်တာ ကြားတယ်
သွားစရာရှိတာ သွားပါ ကျွန်တော်လဲHyungကို လွမ်းနေတာနဲ့ပြောစရာရှိလို့"သူ့ရဲ့စကားမှာ သိသိသာသာပျက်ယွင်းသွားသော Jungkook မျက်နှာ။အမြန်ပင်ထိန်းသိမ်းလိုက်ကာ
"ဟုတ်ပါပြီ ဒါဆို ကျေးဇူးတင်ပါတယ်Taehyung မနေ့ညကအတွက်"
ခနဲ့ အပြုံးတစ်ခုနဲ့ ပြောကာလာသည့်JungkookကိုTaehyungမျက်နှာလွှဲထားလိုက်သည်။
"ဒါဆို ခွင့်ပြုပါဦး Hyung"
"အင်းJungkook နောက်မှပဲ အိမ်လာခဲ့တော့မယ်"
Jungkookထွက်သွားသည်နဲ့ နောက်
ကျောကိုသိုင်းဖက်လာသည့်Hyung။"ကိုယ့်ကိုလွမ်းနေတယ်ပေါ့လေ"
သူ ဘာမှမပြောပဲနဲ့သာ ပြုံးပြလိုက်သည်။
တောင်းပန်ပါတယ်Hyung။
Hyungရဲ့အချစ်ကိုစော်ကားမိတဲ့အတွက်။
Hyungရဲ့အချစ်ကိုအသုံးချမိတဲ့အတွက်။
Hyungကိုမချစ်ပေးနိုင်တဲ့အတွက်။
YOU ARE READING
H.O.P.E
Fanfiction(Unicode) မျှော်လင့်ချက်ပျောက်ဆုံးနေတ့ဲသူတို့ လေးဦး................. (Zawgyi) မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့သူတို့ လေးဦး.................