(Unicode)
"ကျွန်တော်တို့ ဆေးရုံထဲကို ရှယ်ယာဝင်ပေးလို့ကျေးဇူးတင်ပါတယ်"
"ရပါတယ် seoulဆေးရုံကြီးတွေလို သိပ်မဖွံဖြိုးတဲ့ဆေးရုံတွေကို ရှယ်ရာပါဝင်ပေးရတာ ကျွန်တော်က ဝမ်းသာပီတိဖြစ်ရပါတယ်"
သူလက်ဆွဲနှုတ်ဆက်လိုက်တော့ ထိုလူလဲ ပါးချိုင့်နက်ကြီးများ နစ်ဝင်အောင်ပြုံးပြသည့် ဆူချွန်း ဆေးရုံကိုယ်စားလှယ် ဆရာဝန် Kim Namjoon
" ကျွန်တော့်ကို ဆေးရုံဖွင့်တဲ့အခါကျရင်လဲ ကျွန်တော်တို့မြို့ကိုလာလည်ရင်းဖွင့်ပွဲကို တက်ဖို့ဖိတ်ခေါ်ပါတယ်"
"ဟုတ်ကဲ့ လာခဲ့ပါမယ်"
"ဒါဆို ခွင့်ပြုပါဦး"
"ဟုတ်ကဲ့"
သူလဲ နှုတ်ဆက်လိုက်ကာ Kim Namjoonကို အခန်းတံခါးဝထိလိုက်ပို့ပေးလိုက်သည်။
"ဟူး"
Neck tieကို သူဆွဲချ ကာ သက်ပြင်းချလိုက်သော်လည်း ၂နှစ်တာ ရှိခဲ့တဲ့ တင်းကြပ်မှုတွေကမပြေပျောက်နိုင်ခဲ့။
အရာအားလုံးက ၂နှစ်ကြာခဲ့ပြီ။Park Jihyoနဲ့ သားလေးလဲ LAကိုပြန်သွားကြပြီ။Haeလဲ သူတို့မိသားစုအလုပ်ကိုဦးဆောင်နေပြီ။Hoseok hyungလဲ သူ့အလုပ်နဲ့သူအဆင်ပြေနေပြီ။
ဒါပေမဲ့ သူကတော့ စာမလာသတင်းမကြားတဲ့ လေနှင်ရာ လွင့်နေတဲ့ ငှက်ကလေးတစ်ကောင်ကို မျှော်နေတုန်းပင်။Hoseok hyungတို့က သူ့ကလေးဆုံးပြီလို့သာပြောနေပေမဲ့ သူမယုံ။သူကိုယ်တိုင်တွေ့မှသာ သူယုံမည်။
လွမ်းတာထက်သတိရမိတယ်။သတိရမိတာထက်တမ်းတမိတယ်။တမ်းတမိတာထက် မေ့မရနိုင်ခဲ့တယ်။ချစ်တာထက်ပိုမြတ်နိုးမိတယ်။မြတ်နိုးတာထက် တန်ဖိုးထားတတ်မိခဲ့တယ်။
ရှေးလူကြီးတွေထားခဲ့တဲ့စကားရိုးတွေက အလကားမှမဟုတ်တာ သူနားလည်ခဲ့ပြီ။
ဝဋ်ဆိုတာ နေ့မကူးဘူး။ဟုတ်တယ် သူပျောက်သွားတုန်းက ခံစားနေရတဲ့ ကလေးရဲ့ခံစားချက်ကို သူနားလည်လာခဲ့ပြီ။ဟာတာတာဖြစ်နေသလို။တင်းကျပ်ကျပ်ဖြစ်နေသလို။ဖော်ပြရခက်တဲ့ခံစားချက်ကြီးပင်။
YOU ARE READING
H.O.P.E
Fanfiction(Unicode) မျှော်လင့်ချက်ပျောက်ဆုံးနေတ့ဲသူတို့ လေးဦး................. (Zawgyi) မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့သူတို့ လေးဦး.................