(Unicode)
အေးစိမ့်သောခံစားမှု နာကျင်မှုတစ်ချို့နဲ့သူ နိုးလာခဲ့သည်။လေးလံပြီး ကျိမ်းစက်နေတဲ့ မျက်ဝန်းကို သူဖွင့်ကြည့်လိုက်တော့ မျက်လုံးထဲသို့ အလင်းရောင်စူးခနဲပင်။
သူ ဘယ်ရောက်နေတာလဲ...
အာခေါင်ခြောက်သွေ့မှုခံစားချက်ကြောင့်
ရေတောင်းဖို့ သူကြိုးစားလိုက်သည်။"....ရေ....ရေ...."
ကိုယ်ခန္ဓာတစ်ခုလုံး မလှုပ်နိုင်လောက်အောင်ဖြစ်နေသောကြောင့် သူနှုတ်မှမှ တောင်းဆိုမိသည်။
"မောင် မောင် သတိရပြီလား"
"ရေ.....ရေ.....ပေး...ပါ"
"ဟုတ် ဟုတ်"
သူ့နှုတ်ခမ်းဝသို့ ပလစ်စတစ်လိုလိုဘာလိုလိုရောက်လာပြီး
"မောင် ပိုက်နဲ့စုပ်သောက်နော် ဖြေးဖြေး"
Haeပြောသလို သူဖြေးဖြေးချင်းစုပ်သောက်လိုက်တော့ စိုစွတ်မှုက အာခေါင်မှ လည်းချောင်းသို့ ဖြတ်သန်းသွားသည်။
"မောင်ခဏလေးနော် ဆရာဝန်သွားခေါ်လိုက်ဦးမယ်"
Haeထွက်သွားတော့ သူဖြစ်ခဲ့သမျှကို တွေးနေမိသည်။Haeကိုသူဖက်လိုက်တယ် ပြီးတော့ သူကျောကနေ နာကျင်မှုတစ်ခုခံစားရတယ်။နောက်ပြီးသူမေ့သွားတာပဲ။
"လူနာ လူနာသတိရလာပြီလား ကျွန်တော်တို့ကို မြင်ရပါလား"
စကားပြောမလို့အားမယူနိုင်သောကြောင့် သူခေါင်းသာ ငြိမ့်ပြလိုက်သည်။
"လူနာ နာမည်ဘယ်လိုခေါ်လဲ"
"Jeon Jeon Jungkook"
အားနည်းနည်းစိုက်လိုက်ကာ သူပြောလိုက်တော့ ဆရာဝန်ကြီးတွေက ခေါင်းငြိမ့်ပြသည်။
သူတို့မေးတာဖြေလိုက် စစ်ဆေးလိုက်နဲ့ ပြီးသွားတော့ Haeဘက်လှည့်ကာ
"လူနာ ထိခိုက်ဒဏ်ရာမရှိပါဘူး အဆင်ပြေသွားပါပြီ အတွင်းပိုင်းဒဏ်ရာအခြေနေကိုတော့ နောက်နေ့မှ X raysရိုက်ကြည့်ရမှာပဲ"
"ကျေးဇူးတင်ပါတယ် ဆရာ"
Haeကေတာ့ ဆရာဝန်တို့အား ကျေးဇူတင်စကားအထပ်ထပ်ပြောလျက်။
YOU ARE READING
H.O.P.E
Fanfiction(Unicode) မျှော်လင့်ချက်ပျောက်ဆုံးနေတ့ဲသူတို့ လေးဦး................. (Zawgyi) မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့သူတို့ လေးဦး.................