Part-7

19.2K 1.3K 10
                                    

Unicode

တိတ်ဆိတ်သော ညသန်းခေါင်ယံဟာ ခြောက်သွေ့စွာပင် တရွေ့ရွေ့ကုန်ဆုံးလာသည်။ ခန္ဓာသာ ရှိပြီး စိတ်ဝိညာဉ် မကပ်သော လူသားတို့မှာလည်း မှေးမှိတ်၍ မရသော မျက်လုံးတို့ဖြင့် ကြောင်စိစိ ဖြစ်လို့နေ၏။ နေမင်းရဲ့အလင်းရောင်  တစ်စတစ်စပေါ်ထွက်လာသည်နှင့်အညီ
ပတ်ဝန်းကျင်တွင်လည်း နှင်းမြူတို့ ပိတ်ဖုံးနေသည်ကို မြင်တွေ့လာရသည်။

"ညီမတို့ကို ည တည်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ပြီးတော့ အနောက်အယှက်ဖြစ်စေမိတဲ့အတွက်ရော"

တောင်းပန်စကားဆိုချင်ပေမယ့် ပြောမထွက်ကြောင်းကိုနွေးမျက်ဝန်းတို့က သက်သေခံနေ၏။ နှိုင်းသည် အတတ်နိုင်ဆုံး ပြုံးကာ စိတ်ခံစားချက်တို့ကိုဖုံးကွယ်လိုက်ပါသည်။

"ဓာတ်ပုံတွေကို ဘယ်သူလာမေးမေး မသိဘူး မမြင်ဖူးဘူးလ်ို့ပြောလိုက်ပါ"

ခေါင်လေးက ဤမျှသာ ပြောလျက် ကျောခိုင်း၏။ အချစ်ဆိုတာကို sexအဖြစ်သာတွေးသော သူ့အတွက် နှလုံးသား
ခံစားချက်ဆိုတာ ဘာကောင်ကြီးလဲ လို့ ပြန်မေးရုံကလွဲကျန်တာတွေ ထူးခြားလာမည်တော့မဟုတ်ပေ။

နှိုင်းသည် အမူ့အခင်းနှင့်ပတ်သတ်၍ အတွေ့အကြုံမရှိ သောကြောင့်
ဘုန်ထွဋ်ခေါင်လျှံ  ဘာကြောင့်သတိပေးသွား
သည်ကို လွယ်လွယ်ကူကူ သဘောမပေါက်ပေ။ သို့ပေမယ့် တစ်စုံတစ်ရာ မေးခြင်းမျိုးကို မပြုမူဘဲ ခေါင်းညိမ့်ပြလျက်
တိတ်တိတ် ဆိတ်ဆိတ်ပင် နေလိုက်မိပါ၏။

မျက်နှာမကောင်းစွာဖြင့် ခြံထဲမှ ထွက်သွားသော လူငယ်လေးတွေ၏ ကျောပြင်ဟာ သူ့နှလုံးသားကို ထပ်မံ၍ အထီးကျန်
ဆန်စေပြန်သည်။ မျှော်လင့်ချက် တစ်စုံတစ်ရာ မပါဝင်ပဲ လူတစ်ယောက်အားနှစ်သက်မြတ်နိုးမိခြင်းသည် ရင်တွင်း၌
တဆစ်ဆစ်နာကျင်ရ၏။အကယ်၍များ ရယူပိုင်ဆိုင်ဖို့ ကြိုးစားရင်း ဆုံးရှုံးရသည်ဆိုပါလျှင် သူ အသက်ရှင်နိုင်ဖို့ လွယ်ကူ
ပါ့မလား။

လေးလံနေသော စိတ်တို့ကို လျှော့ချဖို့ ကြိုးစားပြီး ဟာတာတာဖြင့် ကွက်လပ်ကြီး ဖြစ်သွားတဲ့ ရင်ဘတ်ကို သက်ပြင်းရှိုက်
ကာ ဖြေဖျောက်လိုက်သည်။ ထို့နောက် တစ်နေ့တာ လုပ်ငန်းစဉ်ကို စတင်လိုက်သည်။ အရင်နေ့တွေလို ခုံတွေကို သန့်ရှင်းရေး လုပ်ပေးမည့်သူ မရှိတာကြောင့် ကိုယ်တိုင်ပဲအဝတ်စတွေယူကာ ခုံတွေကို သုတ်လိုက်ပါသည်။

Black Memory(U+Z)(Completed )Onde histórias criam vida. Descubra agora