Unicode
"ဟင် location ပျောက်သွားပြီ သေစမ်း!!"
ရဲဇော်သည် ခေါင်လေး ဖုန်းတည်နေရာ ပျောက်သွားသဖြင့် သစ်ပင်ထူထပ်နေသည့် တောထဲ ဟိုသည်လှည့်ပတ် ကြည့်ကာ.. ရှာဖွေ စူးစမ်းလိုက်၏။ ခေါင့် နောက်
လိုက်လာကတည်းက သူ လိုက်နေတာ...မှီကို မမှီသေးပေ။တစ်ချိန်လုံး ပြေးလွှားနေသဖြင့် လူကပူထူနေကာ ခေါင်းတွေပါခြောက်လျက် ဇော
ေချွး တွေပါ ပျံနေသည်။ ခေါင့် ထက်အရင် ခန့်ပိုင်ကို သူတွေ့ဖို့လိုသော်လည်း
ခြေထောက်တွေက စိတ်သွားသလောက်မလိုက်နိုင် ဖြစ်နေရသည်။ထိုစဉ် GPS System မှ နှိုင်း၏ တည်နေရာလေး ပေါ်လာသည်ကို တွေ့လိုက်ရလျှင်...မတုံ့မဆိုင်းပဲ ချက်ချင်းပင် ထိုနေရာသို့ ပြေးထွက်သွားမိ၏။ သို့တိုင် ဘုန်းထွဋ်ခေါင်လျှံ တစ်ယောက် ထိုနေရာသို့ သူ့ထက်အရင်
ရောက်မနေစေဖို့ ဆုတောင်မိရသည်။ ရောက်နေခဲ့ရင်တောင် ခန့်ပိုင်ကို ဘာမှ မလုပ်ဖို့ရန် မျှော်လင့်မိသည်။ မင်းတို့ ညီအစ်ကိုတွေ.. ငါ့ကိုပဲ ဘာကြောင့် ဒုက္ခပေး နေကြတာလဲ.. ငါကိုယ်တိုင်ကရော ဘာကြောင့်များ
ဒုက္ခ အပေးခံနေရတာလဲ ဆိုတာကို...ငါ ကိုယ်တိုင်တောင် နားမလည်တော့ပေ။သို့တိုင်သေချာသည်က သူ ခန့်ပိုင်ကို စိုးရိမ်နေသည် ထင်၏။
.............
"နှိုင်း! "
ခေါင်လေးသည် နှိုင်းကိုတွေ့လျှင် မျက်လုံးများ ဝင်းလက်၍ ပျော်ရွှင်သွားရပြီး တောင်းကုန်းကို ခြေလှမ်းကျဲများဖြင့် တဟုန်ထိုးပြေးတတ်လေသည်။
"မောင်!"
နှိုင်းသည်လည်း မောင်သူ့က်ို လိုက်ရှာနေသည်ဟူသော စိတ်ဖြင့် ဝမ်သာကြည်နူးမူတို့အတိုင်းအဆမဲ့နေကာ တောင်အောက်ကို ပြေးဆင်းစဉ်...ခန့်ပိုင်က အနောက်မှရောက်လာ၍ နှိုင်းလက်ကို လှမ်းဆွဲလိုက်
သဖြင့် တစ်ပတ်လှည့်ကာ ပြန်ပါသွားရတော့သည်။"နေဦး... ခင်ဗျားကလည်း နဲနဲပါးပါး ဟန်ဆောင်ဦးမှပေါ့"
"ဟန်...ဟန်ဆောင်ရမယ်...ဘယ်လိုမျိုး"
![](https://img.wattpad.com/cover/205804252-288-k647969.jpg)
ESTÁS LEYENDO
Black Memory(U+Z)(Completed )
Acciónဘုန်းထွဋ်ခေါင်လျှံ နှိုင်းသုတလျှံ ဆောင်းရာသီတွေကုန်ဆုံးပြီးသွားရင် နွေရာသီကိုရောက်လာ မှာပဲ။ ငိုချင်နေရင်ငိုချလိုက် ပြီးရင်တော့ ခင်ဗျား အမြဲတမ်း ပြုံးနေဖို့ ကျွန်တော် ကြိုးစားပေးမယ်။ ခင်ဗျားတစ်ယောက် စာအတွက် ကျွန်တော်ရင်ခွင်က ကောင်းကောင်းကြီး ကျယ်ပါတယ...