စာရှည်လို့ Zawgyi သက်သက် Unicodeသက်သက် ခွဲထားပါတယ်နော်။
(Extraများ စာအုပ်ထဲတွင်မပါပါ။)....................................
Only Unicode
"မောင်... ထတော့လေ"
"အင်.... "
နှိုင်းက နိုှးလျှင် မောင့်ဆီက ခပ်သဲ့သဲ့အင်'သံသာထွက်၏။
မနက်ခင်းတိုင်း မောင့်ကိုနှိုးရသည်က နှိုင်းအတွက် အလုပ်
တစ်ခုလိုပင်။ သို့တိုင် နှိုင်းဟာ ဘယ်တော့မှ မပျင်းရိခဲ့သလို
ရိုးသွားခြင်းလည်းမရှိရပေ။ထို့အတူ အိတ်ပုတ်လေး
မောင်ဟာလည်း သူလာနှိုးမှ ကြိုက်သည်။ထသည်။
မဟုတ်လျှင်တော့ တစ်နေကုန်မထသလို စိတ်ကလည်း
ဆိုးတတ်သေးသည်။"မောင် ထတော့လေကွာ... ငါ ဆိုင်သွားဖွင့်တော့မယ်လေ။
အဲ့တိုင်းဆက်အိပ်နေရင်... ဒီနေ့တစ်နေကုန် ငါ့ရဲ့
မျက်နှာလေးကို မင်းတွေ့ရမှာမဟုတ်ဘူးနော်"နှိုင်း ၏ ခြိမ်းခြောက်စကားက အရာရောက်သည်ထင်၏။
ခေါင်လေးတစ်ယောက် ငေါက်ခနဲထလာကာ မျက်လုံး
လေးတစ်ဖက်သာဖွင့်ကြည့်လျက် နှိုင်းဘက်သို့ လက်လှမ်းလိုက် သည်။ သူ့ကိုအိပ်ယာထဲက ဆွဲထူခိုင်းနေသည်ကို
သိလျှင် နှိူင်းက..."ကိုယ့်ဟာကိုယ်ထလေ "
သို့သော် ခေါင်လေးက ခေါင်းယမ်းကာ လက်လှမ်းနေပြန်လျှင်
မနေနိုင်သည့် သူကပဲ ဆွဲထူပေးဖို့ လုပ်ရသည်။ ထိုစဉ်
ခေါင်လေးက နှိုင်းလက်လေးကို ပြန်ဆွဲချကာ...နှိုင်း
ကို ရင်ခွင်အောက်ဆွဲသွင်လျက် ပါးအိအိလေးတွေကို
နှာဖျားလေးနှင့် လိုက်ထိကာ လည်တိုင်တို့ကိုပါလိုက်ထိ
နေ၏။"ယားတယ်..ဟား..မလုပ်နဲ့...မောင်ကွာ...မျက်နှာလည်း
မသစ်ရသေးပဲနဲ့...ဖယ်လို့...ဟဟား..""ဒီလောက်မွှေးကြိုင်ပြီး ရှိုး အပြည့်ပြင်ထားတာ
ဘယ်သွားဖို့လဲ...ဘာလို့ အဲ့လောက်ချောနေအောင်
ပဲများထားရတာလဲ"နှိုင်းက ထွန့်ထွန့်လူးနေအောင် ရယ်လျက် လက်တွေကို
ဖယ်ချဖို့ကြိုးစားနေရင်း ခေါင်လေး၏ အလိုမကျစွာ
မေးမူကြောင့်... မျက်ခုံးလေးတွေပင့်လျက်...ပြုံးစိစိလေးဖြင့်..
YOU ARE READING
Black Memory(U+Z)(Completed )
Actionဘုန်းထွဋ်ခေါင်လျှံ နှိုင်းသုတလျှံ ဆောင်းရာသီတွေကုန်ဆုံးပြီးသွားရင် နွေရာသီကိုရောက်လာ မှာပဲ။ ငိုချင်နေရင်ငိုချလိုက် ပြီးရင်တော့ ခင်ဗျား အမြဲတမ်း ပြုံးနေဖို့ ကျွန်တော် ကြိုးစားပေးမယ်။ ခင်ဗျားတစ်ယောက် စာအတွက် ကျွန်တော်ရင်ခွင်က ကောင်းကောင်းကြီး ကျယ်ပါတယ...