Unicode🔞
"လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက "
"ဒါပေါ့.. ဦနှောက်ထဲမှာရော သွေကြောထဲမှာရော နှိုင်းသုတလျှံဆိုတာနဲ့ ပြည့်နှက်နေတာ "
"ဒါတော့ မဟုတ်တော့ဘူး မောင်လျှောက်ပြောနေတာ.."
"တကယ်ပါဗျာ... မောင့်အချစ်က မောင့်သဲလေအတွက်ပါဗျ"
နှိုင်းမှာ ပြုံးချင်နေသော်လည်း အောင့်အီးကာ ဆူပုတ်ထားဆဲ ဖြစ်၏။ ခုတလော သူဟာ မောင့်အပေါ်အနိုင်လိုချင်တာတွေ
များလာပြီး စိတ်ဆိုးချင်တာတွေလည်း များလာသည်။"စကားတတ်တိုင်း လျောက်ပြောနေတယ် ဒီကြားထဲ ဘယ်နှစ်ယောက်လောက်ကို အဲ့လိုပြောပြီးပြီးလဲ"
"မပြောပါဘူးဗျာ။ မောင့်အချစ်လေးတစ်ယောက်ထဲကိုပဲ ပြောတာပါဗျာ"
ခေါင်လေးက ပြောပြီး နှိုင်း ရဲ့နှုတ်ခမ်းဆူဆူလေးကို လက်မလေးနှင့် ဖွဖွလေး ပွတ်ကာ ပြုံးလာအောင် လုပ်နေတော့သည်။ ဒီချစ်စရာ လူသားလေး သူ့ကို ဘယ်လောက်အထိ ရစ်နိုင်မလဲ သိချင်စိတ်ဖြင့် သူ
စိတ်ကလေးကို ရှည်ထားလေ၏။"ဟော ကြည့်ကြည့် အခုလေးတင်ကိုခေါ်တဲ့နာမည်တွေက မတူတော့ဘူး...အချစ်ကဘယ်သူတုန်း၊အသဲကကော..."
"အသဲ က ဒီမှာ "
နှိုင်းရဲ့မဟာ နဖူးလေးပေါ် လက်ညိုးလေးဖြင့်ထောက်ကာ ပြောပြီး..ဝဲကျနေသည့် ဆံနွယ်တွေကိုသပ်တင်ပေးသည်။
"အချစ် က ဒီမှာ "
ဟုဆိုကာ နှိုင်းရဲ့ နဖူးပြင်လေးကိုပင် နမ်းလိုက်ပါသည်။ ထို့နောက် လက်ညိုးလေးက တဖြေးဖြေး လျောဆင်းလာကာ...လည်စိတွင် ခတ္တနားလျက်.. နမ်းလိုက်၏။
"အနှစ်က ဒီမှာ "
ပြီးနောက် ဆက်၍ပင်..
"နှလုံးသာက ဒီမှာ "
နှလုံးသားနေရာတည့်တည့်၌ အနမ်းလေးပေးလျက် ထပ်မံ၍ ဆိုပါလျှင် နှိုင်း တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်း များ ထလာခြင်းကို မထိန်းသိမ်းထားနိုင်တော့ပဲ ပြုစားနေသည့်
လူကလေးကို ဆွဲလှည့်ပစ်လိုက်လျှင် သူကတစ်ဖန် အပေါ် ရောက်သွားပြန်တော့သည်။

YOU ARE READING
Black Memory(U+Z)(Completed )
Actionဘုန်းထွဋ်ခေါင်လျှံ နှိုင်းသုတလျှံ ဆောင်းရာသီတွေကုန်ဆုံးပြီးသွားရင် နွေရာသီကိုရောက်လာ မှာပဲ။ ငိုချင်နေရင်ငိုချလိုက် ပြီးရင်တော့ ခင်ဗျား အမြဲတမ်း ပြုံးနေဖို့ ကျွန်တော် ကြိုးစားပေးမယ်။ ခင်ဗျားတစ်ယောက် စာအတွက် ကျွန်တော်ရင်ခွင်က ကောင်းကောင်းကြီး ကျယ်ပါတယ...