Unicode
"ဖြောင်း!!"
ဝိုက်ကန်ချက်အောက်တွက် ဆိုင်ကယ်ပေါ်ကလူသည် လျင်မြန်စွာခုန်ဆင်းလိုက်သောကြောင့် အနဲငယ်သာ ရှပ်ထိသွား၏။ ထို့နောက် ခေါင်လေးကို ပြန်လည် တိုက်ခိုက်ဖို့ဟန်ပြင်လာသည်။မှောင်ရိပ်သွင်းနေချိန် ဖြစ်သည့်အလျှောက် ဘယ်သူဘယ်ဝါမှန်း သဲကွဲစွာ မသိရသည့်အပြင် ထိုလူသည်
မျက်နှာတွင် Mask အမဲရောင်ကို တပ်ဆင်ထားလျက် ဦးထုပ်ကို ခပ်ငိုက်ငိုက်ပင်ဆောင်းထားသေး၏။"မင်း ဘယ်သူလဲ"
ကိုယ်ခံပညာရပ်အား ကောင်းမွန်စွာ မတတ်ကျွမ်းစေကာမူ ခေါင်လေးသည် သရဲကလွှဲလျှင် မည်သည့်အရာမှ မကြောက်တတ်သူမို့ မျက်နှာကြောကို ခက်ထန်စွာထားလျက်
ရက်စက်သည့်အသွင်ကို ဖမ်းထား၏။ သို့သော်လည်း ထိုလူသည် ဓားငယ် တစ်ချောင်းကို ထုတ်လိုက်ပြီး လက်တစ်ဖက်မှာ မြဲမြံစွာ ကိုင်ထားကာ..."ဓာတ်ပုံတွေ ဘယ်မှာလဲ"
ခပ်သြသြ အသံကြောင့် ယောကျာ်း လေးတစ်ယောက် ဖြစ်သည်ကို ကောက်ချက်ချနိုင်လျက် တစ်ကိုယ်လုံးအနက် ရောင်ဖုံးထားသော ထိုလူသည် မျက်လုံးတို့ကတော့
'သူလိုချင်တာမရလျှင် ချက်ချင်း သတ်ပစ်မည့်ပုံပေါ်နေ၏။'ခေါင်လေးသည် မိမိနောက် ဘာကြောင့်လိုက်လာသည်ကို သိရှိ သွားလျက် အသက်အန္တရာယ်ရှိသည်ကို နားလည်
သွားကာ အတတ်နိုင်ဆုံး ရှောင်ကွင်းနိုင်ဖို့ ကြိုးစားရတော့သည်။"ဘာ ဓာတ်ပုံလဲ "
"မသိချင်ယောင် ဆောင်မနေနဲ့ မင်းဆီမှာမရှိရင် ဘယ်မှာမှ မရှိနိုင်ဘူး"
"သိတောင်မသိတဲ့ ကိစ္စ ကို တရားခံလို လာစွပ်စွဲနေတာ မလွန်ဘူးလား"
ထိုလူသည် ဘာစကားမှ ထပ်မပြောတော့ပဲ ခေါင်လေးကို ရန်လိုစွာကြည့်နေ၏။ ခေါင်လေးသည်လည်း ကြောက်စိတ်
ကို နဲနဲမှမပြပဲ ပြန်ကြည့်နေပေးလိုက်ကာ နှစ်ယောက်ကြာစစ်အေးတိုက်ပွဲ ခင်းလိုက်ကြပါသည်။"YAAA!!!"
ထိုလူသည် ဓားကို နောက်ပြန်ကိုင်ထားလျက် ခေါင်လေးဆီ လျင်မြန်စွာ ပြေးလာကာ စတင် တိုက်ခိုက်တော့၏။ခေါင်လေးသည် အလျင်အမြန် ခုန်ရှောင်သော်လည်း
ဝမ်းဗိုက်က အကျႌစကို ရှပ်ထိသွား၏။ ကိုယ့်ကိုယ်ကို ဘာဖြစ်သွားလည်း ငုံ့ကြည့်ဖို့ အချိန်မရခင် ထိုလူကတစ်ဖန် ပြန်လှည့်လာကာ လက်မောင်းကို ဓားဖြင့်
ရှပ်ခုတ်တာကြောင့် လက်မောင်းထက်မှ နာကျင်မူနဲ့အတူ သွေးတို့ ပန်းထွက်လာသသည်။ ခေါင်လေးသည် အသားနာသွားသဖြင့် စိတ်တိုသွားကာ ဘေးဘီဝဲယာကို
ကြည့်ပြီး လက်နက်တစ်ခုခုရလိုရငြားရှာကြည့်၏။
ŞİMDİ OKUDUĞUN
Black Memory(U+Z)(Completed )
Aksiyonဘုန်းထွဋ်ခေါင်လျှံ နှိုင်းသုတလျှံ ဆောင်းရာသီတွေကုန်ဆုံးပြီးသွားရင် နွေရာသီကိုရောက်လာ မှာပဲ။ ငိုချင်နေရင်ငိုချလိုက် ပြီးရင်တော့ ခင်ဗျား အမြဲတမ်း ပြုံးနေဖို့ ကျွန်တော် ကြိုးစားပေးမယ်။ ခင်ဗျားတစ်ယောက် စာအတွက် ကျွန်တော်ရင်ခွင်က ကောင်းကောင်းကြီး ကျယ်ပါတယ...