UnicodeWarning 🔞
မြူးခိုးများရစ်သီဖွဲ့၍ အေးချမ်းသော ရှမ်းတို့ဋ္ဌာနေဒေသလည်း
အခုတော့ဖြင့် စစ်နယ်မြေအဖြစ် ထင်ရှားလို့နေခဲ့ပြီ။စစ်လေယာဉ်တွေ တစ်စီးပြီးတစ်စီး ပျံသန်းသွားတာကိုကြည့်ရင်း
ရှေ့တန်းထွက်ရတဲ့ တပ်မတော်သားတွေကို သနားမိတာအမှန်ပင် ။နေပူမရှောင် မိုးရွာမရှောင် မိမိပခုံးပေါ်ကျရောက်လာတဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နေချိန် နောက်မှာ
ကျန်ခဲ့တဲ့ မိသားစုဝင်တွေအတွက် ရင်အေးနိုင်ပါ့မလားလေ။ကြယ်စင် အမျိုးသမီးဆောင်သည် သုံးထပ်မျှမြင့်လျက် Lashioတွင် အမြင့်ဆုံးအဆောင် ဖြစ်ပေသည်။ အပေါ်ဆုံးထပ်နှင့် ဒုတိယထပ်တွင် အင်္ဂလိပ်မေဂျာ ကျူရှင်ရှိပါ၏။
နွေးသည် စာကျက်ရန် အပေါ်ဆုံးထပ်သို့တတ်ခဲ့ပြီး စိမ်းလန်းသော တောတောင်ရေမြေနဲ့ ကောင်ကင်ပြာကို ကြည်နူးစွာ
ကြည့်လိုက်ပါသည်။"နွေး..အခုမှ အစပဲရှိသေးတယ် စာကျက်တော့မလို့လား"
လက်ထဲက Eng Major 1စာအုပ်ကိုကြည့်ရင်း ကောင်မလေးတစ်ယောက်က ဆိုသည်မို့ သူမ အရှက်ပြေရယ်လိုက်မိပါသည်။
"စာကျက်မလို့မဟုတ်ဘူး အခန်းထဲမှာ ဆူညံနေလို့ ဟန်ဆောင်ပြီးထွက်လာတာ"
စာအုပ်လေးကိုင်းမြောက်ပြလျက် သူမ ပြောတော့ ကောင်မလေးက ရယ်လျက် အခုမှ လျှော်လာဟန်ရှိသော အဝတ်တွေကို
အဝတ်တန်းစင်မှာ လှန်းလိုက်သည်။ အပေါ်ထပ် လသာဆောင်ဟာ တိုက်သုံးတိုက်ကို ဆက်ထားသည်မို့ တော်တော်ကျယ်သည်ဟုဆိုရပေမည်။ အရှေ့ဘက်မှာ စာသင်ရန် ခုံတွေရှိပြီး အနောက်ဘက်မှာတော့ အဝတ်တန်းတွေ ရှိပါသည်။
တစ်ချို့နေရာတွေတော့ ဟင်းလင်ပြင်ဖြစ်ကာ ကျောင်း welcomeတွေရှိသည့်အချိန်ဆို ခေါင်းမိုးထပ်မှာပဲ အကတိုက်လေ့ရှိကြပါသည်။"ဟုတ်လို့လား နွေး စာကြိုးစားတာ အစ်မသိပါတယ်"
"မဟုတ်ပါဘူး အစ်မရာအထင်တွေကြီးမနေပါနဲ့.. အစ်မရော
ရေတွေဘာတွေချိုးပြီး ဘယ်သွားမလို့လဲ""ဈေးသွားမလို့ လိုက်ဦးမလား"
"တော်ပြီ မရေ.. ရောက်တာဘယ်နှစ်ရက်မှမရှိသေးဘူး
ပိုက်ဆံက ကုန်နေပြီ"
![](https://img.wattpad.com/cover/205804252-288-k647969.jpg)
DU LIEST GERADE
Black Memory(U+Z)(Completed )
Actionဘုန်းထွဋ်ခေါင်လျှံ နှိုင်းသုတလျှံ ဆောင်းရာသီတွေကုန်ဆုံးပြီးသွားရင် နွေရာသီကိုရောက်လာ မှာပဲ။ ငိုချင်နေရင်ငိုချလိုက် ပြီးရင်တော့ ခင်ဗျား အမြဲတမ်း ပြုံးနေဖို့ ကျွန်တော် ကြိုးစားပေးမယ်။ ခင်ဗျားတစ်ယောက် စာအတွက် ကျွန်တော်ရင်ခွင်က ကောင်းကောင်းကြီး ကျယ်ပါတယ...