Unicode
"ကိုကိုနဲ့ကိုနှိုင်းက မေးခွန်းတွေများလို့... ပြီးတော့ တစ်ယောက်ချင်းစီမေးမှအဆင်ပြေမယ့်မေးခွန်းတွေပါလို့ သပ်သပ်စီခေါ်လိုက်တာပါ...အခု ကိုကြီးရဲဇော် တို့ကိုတော့ မေးခွန်းလည်းသိပ်မများတာနဲ့... အတွဲလိုက်ပဲ
အတူတူခေါ်လိုက်ပါ့မယ်...ကဲ ကိုကြီးရဲဇော်နဲ့
ကိုကိုခန့်ပိုင်တို့ရေ အားလုံးကတွေ့ချင်နေပြီ
ဝင်လာခဲ့ပေးကြပါ"ရဲဇော်နဲ့ခန့်ပိုင်သည် စိုင်လျန်ခေါ်သည်နှင့် အထဲဝင်လာကာ စိုင်လျန်ဘေးကထိုင်ခုံတွင် ဝင်ထိုင်လိုက်ကြပါ၏။
"ပရိတ်သတ်တွေကိုနှုတ်ဆတ်လိုက်ပါဦး"
"မင်္ဂလာပါ ခင်ဗျ ကျွန်တော့်နာမည် ကျော်ခန့်ပိုင်ပါ"
"မင်္ဂလာပါ ကျွန်တော်ကတော့ နောင်ရဲဇော်ပါခင်ဗျ"
"ရဲဇော်ပဲလေ...နောင်ကကျွန်တော်တစ်ယောက်ထဲကိုပဲပြောတာဆို..."
Live စတင်ဖို့ရန်အစီအစဉ်ဆွဲနေတုန်းရှိသေး
ငဂျစ်လေးကရစ်လေပြီ။ ရဲဇော်သည် ဖျော့ဖျော့ တော့တော့ မျက်ခုံးလေးတွေကိုတွန့်ချိုးပြီး....ရစ်ပြန်ပြီဟူသော မျက်ဝန်မျိုးဖြင့်ကြည့်၍ မသိချင်ယောင်ဆောင်ကာ
Cameraရှေ့တည့်တည့်ကြည့်လိုက်ပါသည်။
အခုနေများ live က်ိုကြည့်နေသူတွေတော့ သူနဲ့ Eye contantရသကဲ့သို့ဖြစ်နေမှာသေချာလေသည်။"ကျွန်တော် မေးခွန်းစမေးလို့ရပြီလား"
စိုင်လျန်သည်... မကျေမနပ် ဖြင့် နှုတ်ခမ်းတွေပွစိပွစိ ရွတ်နေသော ခန့်ပိုင်နှင့်စိတ်ပြန်ကောက်ချင်ယောင်ဆောက်နေသောရဲဇော်တို့ကို မျက်ခုံးလေးတွေပင့်ကာ ကြည့်နေရင်း ရွဲ့ကာမေးလေသည်။ဘယ်နှယ့် အစီအစဉ် မှာ အချစ်လာစမ်းနေကြတယ်လို့။
"မေး...မေးလို့ရပြီ"
ရဲဇော်က မျက်နှာလေးပြင်ကာဖြေသော်လည်း ခန့်ပိုင်ကမူ ဘယ်သူမှဂရုမစိုက်သလို ပေကပ်ကပ်လေး ထိုင်နေလေ၏၊ထိုအခါစိုင်လျန်သည် မိုးဇေအား မျက်ဝန်းဖြင့် စကားလှမ်းပြောကာ တစ်ခုခုလုပ်ခိုင်းလိုက်လေသည်။ မိုးဇေသည် စိုင်လျန်ဘာပြောသည်လဲ ချက်ချင်းနားမလည်
...မျက်လုံးလေးစွေပြတော့မှ.. သဘောပေါက်သွားကာ ခန့်ပိုင်အား လက်သီးထောင်ပြလိုက်လေသည်။
![](https://img.wattpad.com/cover/205804252-288-k647969.jpg)
YOU ARE READING
Black Memory(U+Z)(Completed )
Actionဘုန်းထွဋ်ခေါင်လျှံ နှိုင်းသုတလျှံ ဆောင်းရာသီတွေကုန်ဆုံးပြီးသွားရင် နွေရာသီကိုရောက်လာ မှာပဲ။ ငိုချင်နေရင်ငိုချလိုက် ပြီးရင်တော့ ခင်ဗျား အမြဲတမ်း ပြုံးနေဖို့ ကျွန်တော် ကြိုးစားပေးမယ်။ ခင်ဗျားတစ်ယောက် စာအတွက် ကျွန်တော်ရင်ခွင်က ကောင်းကောင်းကြီး ကျယ်ပါတယ...