part-21

15.3K 1K 24
                                    

Unicode

ခေါင်လေးထွက်သွားသည်နှင့် သူတို့အားလုံး သက်ပြင်း ချမိကြပါ၏။

"ကဲပါ အဲ့လိုကြီး မှိုင်မသွားကြပါနဲ့။ နွေး
စပယ်ရှယ်ဟင်း ချက်ထားတယ် သွားစားကြမယ်နော်"

"အဲ့ဒီ အစီအစဉ် ကောင်းတယ်!"

သို့နှင့် သူတို့အားလုံး ပျော်ပျော်ပါးပါးပင်စားသောက်ဖြစ်လိုက်ကြပါ၏။ နှိုင်းကတော့ နာရီကိုကြည့်လိုက် သက်ပြင်းချလိုက်ဖြင့်
ခေါင်လေးပြန်လာမည့်အချိန်ကိုရေတွက်လို့နေမိပါသည်။ သို့ပါသော်လည်း ခေါင်လေးသည် ထိုနေ့က တစ်နေ့လုံး ပြန်မလာသလို ညအချိန်တွင်လည်း ပြန်ရောက်မလာခဲ့ပေ။

နှိုင်းသည် အိပ်ချိန်ရောက်နေပြီ ဖြစ်သော်လည်း နဖူးပေါ် လက်တင်လျက် မျက်နှာကျက်ကိုသာ ငေးစိုက်ကြည့်
နေမိသည်။ 15နာရီ တစ်မိနစ်၊ 15နာရီ နှစ်မိနစ်။ မင်းဘာတွေလုပ်နေတာလဲ ဘုန်းထွဋ်ခေါင်လျှံ ရယ် ။

သက်ပြင်းချလို့ အသက်တိုမယ်ဆိုရင် နှိုင်း ဒီနေ့တစ်ရက်ထဲနဲ့ အသက် ဆယ်နှစ်လောက်တိုသွားနိုင်သည်ထင်၏။ အချစ်ဆိုတာ ဒီလိုပဲ ပင်ပမ်းရသလား သူမတွေးတတ်ပြန်။
စတွေ့ကပင် မျက်လုံးထဲ ပုံရိပ်တို့ စွဲကျန်နေအောင် ဆွဲဆောင်နိုင်သည့်သူ။ ဘယ်သူ့ကိုမှ ညွှတ်တွားခယဖို့ ဆန္ဒမရှိသော သူရဲ့ မာနတွေဟာ ဘုန်းထွဋ်ခေါင်လျှံ နဲ့ တွေ့မှ တစ်စစီပျောက်ဆုံးကုန်တော့သည်။ စောင့်မျှော်
ရတာ မကြိုက်သော သူဟာ နာရီပေါင်းများစွာကို ရေတွက်ရင်း အချစ်ရဲ့ အိမ်ပြန်ချိန်ကို စောင့်မျှော်နေတတ်ခဲ့ပြီ။

ဆယ့်ငါးနာရီ ငါးဆယ့်ရှစ်မိနစ်။

ဆယ့်ငါးနာရီ ငါးဆယ့်ကိုးမိနစ်။

နှိုင်သည် နားရီလက်တံကိုကြည့်ရင်း လက်ချောင်းလေးတွေ ချိုးကာ ရေတွက်နေမိ၏။ ပြန်လာပါတော့ ကောင်လေးရယ်။

ဆယ့်ငါးနာရီ ခြောက်ဆယ်မိနစ်။ ဆယ့်ခြောက်နာရီတိတိ။

ကျွီ!!!

တံခါးဖွင့်သံကြားသည်နှင့် နှိုင်း ငုတ်တုပ်လေးထထိုင်မိ၏။ ဘုန်းထွဋ်ခေါင်လျှံ သည် ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် နှိုင်းဆီသို့ တစ်လှမ်းချင်း လှမ်းလို့လာပါသည်။

Black Memory(U+Z)(Completed )Where stories live. Discover now