part-12

16.4K 1.2K 12
                                    

Unicode

တီးတီ...တီးတီ..တီးတီ..

"Immmmm"

ခေါင်လေးသည် နားထဲ ဆူညံစွာ ဝင်လာသော နိုးစက်သံ ကြောင့် ခေါင်းအုံးဖြင့် နားတွေပိတ်ကာ ဆက်အိပ်နေ၏။နှိုင်းကတော့ အကျင့်ပါလာပြီဖြစ်သည့် အချက်ပေးသံကို
လှမ်းယူကာ ပိတ်လိုက်ပါသည်။

သီတင်းကျွတ်အခါသမယ နီးလာပြီမို့ customer တွေကို promotion ပေးနိုင်သမျှပေးကာ မြူဆွယ်ထားသဖြင့်
မနေ့ညက သူ့Barတွင်လူတော်တော်များသည်ဟုဆိုရပေမည်။ထို့ကြောင့်ပင်  သူတို့အားလုံးလည်း သုံးနာရီ လေးနာရီလောက် မှ ဆိုင်ပိတ်ပြီး နားရ၏။

နှိုင်းသည် ပထမဦးဆုံး အလုပ်ဆင်းသည့်နေ့ အပင်ပမ်းဆုံးနေ့ ဖြစ်သွားသည့် ကောင်းလေးအား သဘောတကျကြည့်လိုက်၏။ဘာမှမလုပ်တတ်ဘူး ဆိုသော်လည်း နှိုင်းသွားသည့်နောက် သူက တစ်ကောက်ကောက်ပင်
လိုက်နေခဲ့ပါသည်။ မှောက်ခုံကြီး အိပ်လျက် စောင်တွေကန်လော ထားပုံက အအိပ်ကြမ်းခြင်ကို ဖော်ပြနေ၏။

"ဘုန်းထွဋ်ခေါင်လျှံ ဟေ့..ဘုန်းထွဋ်
ခေါင်လျှံ "

အသံခပ်ကျယ်ကျယ်ဖြင့် ခေါ်နှိုးကြည့်သော်လည်း လှုပ်တောင် မလှုပ်လာသဖြင့် နှိုင်း ကုတင်ပေါ်က ဆင်းလျက် ခွကျော်
ပြီး အပြင်ထွက်လိုက်သည်။ ထုံးစံအတိုင်းရာသီဥတုကတော့ ကြည်လင်အေးမြမြဲပင်။

ရေချိုးခန်းထဲ ရေမချိုးချင်သဖြင့် ခြံထဲရှိ ရေတွင်းဆီသို့သာ သွားလိုက်သည်။ ကိုယ်က မသောက်မစားသော်လည်း လုံနေသော Hall roomကြောင့် ဆေးလိပ်ငွေ့ Vookaငွေ့တွေကလှိုင်းထနေကာ တစ်ကိုယ်လုံး အနံ့တွေ
စွဲကျန်နေ၏။

အေးသော်လည်း အောင်းအီးသည်းခံကာ ရေချိုးလိုက်ပြီးနောက် ရေလဲ ပုဆိုးဝတ်လိုက်ပြီး ရှပ်အကျႌတစ်ထည် ကောက်
စွပ်လိုက်၏။ ထို့နောက် အပေါ်ထပ်သို့ ပြန်မတတ်တော့ပဲ မီးဖိုချောင်ဘက် ဝင်လိုက်သည်။ ခါတိုင်းလို တစ်ယောက်
တည်း မဟုတ်သည့်အတွက် မနက်စာကို ဖွယ်ဖွယ်ရာရာ လေး ပြင်ဆင်ချင်စိတ်ပေါ်လာ၏။ ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ်ဟာ နှစ်သက်ရသူမို့ အရာရာဖြည့်ဆည်းပေးချင်ရုံသာ။

Black Memory(U+Z)(Completed )Where stories live. Discover now