Part-49

14.9K 911 50
                                    

Unicode

Season -2ဆိုပြီး Book မခွဲတော့ဘူးနော် ။ ဒီအပိုင်း ကနေစပြီးတော့... ဆက်ရေးပေးပါ့မယ်။ အဆုံးသတ်က လိုအပ်တဲ့နေရာထိမရောက်သေးလို့ပါ။ ရေးချင်စိတ်လဲ ပေါ်လာတာနဲ့ ရေးဖို့ဆုံးဖြတ်လိုက်ပြီ စိတ်မဆ်ိုး
ကြဘူးမလားဟင်။

...................................................................

"မင်းဘယ်လောက်ပေးနိုင်လဲ!"

ရဲဇော် မေးလိုက်သည်နှင့် ထိုကောင်လေးမှာ အိတ်ကပ်ထဲမှ ပိုက်ဆံတစ်ချို့ထုတ်လာပြီး သူ့ကိုပေးလေတော့သည်။

"ဒါအကုန်ပဲလား...ငါ ကစားနေတာမဟုတ်ဘူးနော်"

လက်ထဲမှ ခပ်နွမ်းနွမ်းထောင်တန်တွေကိုကြည့်ပြီးရဲဇော် တင်း သွားရပါသည်။ သူလုပ်နေတဲ့အလုပ်ကို ပေါပေါပဲပဲ တန်ဖိုးဖြတ်နေသည်ဟု ထင်မိ၏။ စိတ်ကလည်း
ကြည်နေသည်မဟုတ်ရကာ ဒေါသပင်ထွက်လာမိတော့သည်။

"လူရှာတာ ငါးထောင် တစ်သောင်းဆိုရပြီမဟုတ်ဘူးလား"

ခပ်ဝဲဝဲစကားသံက တိုင်းရင်းသားမှန်းသိသာစေကာတောသားဖြစ်သည်မှန်း သိလိုက်လျှင် ရဲဇော် သည်.....

"မင်း ကိုယ် မင်း ရောင်းရင်တောင် ရှာလို့မရဘူး....တောက်စ်!!"

တောသားမို့နိမ်ချင်သည်မဟုတ်။ ဒီလောကနှင့် အဆက်အဆံ မရှိပါပဲ... ဝင်လာပါလျှင်မူ အလိမ်ခံရနိုင်သည် မို့ ...ဒူ.. အ ..နေခြင်းကို
မကျေနပ်တာဖြစ်သည်။

"ဒါဆို ဘယ်လို လုပ်ရမို့လဲ... ကျွန်တော်က အဲ့လောက်ပဲ ထင်တာလေဗျာ...ဒီလိုလုပ်ပါလား ကျုပ်ဖြေးဖြေးချင်း ပေးမယ်လေ "

"မင်း ထွက်သွားလိုက်တော့"

စိတ်ဆတ်နေသော ရဲဇော်မှာ ဘယ်လိုမှပင် မဆွဲဆန့်နိုင် သဖြင့် နှင်ထုတ်၍သာ အပေါ်တတ်ခဲ့တော့သည်။ စိတ်ပင်ပမ်းလိုက်တာ ။

ဟူး..

အိမ်ယာထက်ပက်လက်လန်ကာ လှဲချပစ်ရင်း သူအနားယူလိုက်ပါ၏။ ရင်ထဲမှာ ဘာတစ်ခုမှ မရှိပဲ လစ်ဟင်းနေသည်က ခံရခက်လှသည်။ မင်းကို အရှုပ်တွေပေးမယ့်သူတွေမှ
မရှိတော့တာ မင်းပျော်သင့်တယ်လေ။
ကိုယ့်ကိုယ်ကိုယ် အားတင်းရင်း မျက်လုံးမှိတ်ဖို့ ကြိုးစားသော်လည်း ကွက်လပ်ကြီးကပြည့်မလာခဲ့ပေ။ မွေ့ယာပေါ်ိုလိမ့်သည်လှိမ့်နှင့် အိပ်မရသည့်အဆုံး လေးတိလေးကန် ထကာ ရေကို ဇိမ်ဖြင့်ချိုးလိုက်ပါ၏။ ထို့နောက် စိတ်ပြေ လက်ပျောက်ဖြစ်စေရန်... အပြင်သွားဖို့ဆုံးဖြတ်ကာ အောက်ထပ်သို့ ပြန်ဆင်းလာလိုက်ပါသည်။

Black Memory(U+Z)(Completed )Where stories live. Discover now