(4)
တစ်ဖက်တွင်တော့ညနေဆေးစစ်ရမှာမို့လို့စကိတ်ကွင်းထဲတွင်yiboကိုစကိတ်မစီးရန်လိုက်တားနေလေသည်။
"bodi......ညနေဆေးစစ်ရမယ်လို့ပြောတယ်မစီးပါနဲ့တော့ကွာသွားရအောင်.....သူဌေးကြီးသိရင်အဆူခံရလိမ့်မယ်"
"အကိုယူဘင်းရယ်ခဏပါပဲ.......ဒီနေ့နေသာလို့ပါ"
ထိုအချိန်တွင် သူ၏သူငယ်ချင်းလျှိုထန်းတို့ဘယ်ကနေရောက်လာမှန်းမသိရောက်ချလာသည်။
"yibo....မင်းရောက်နေတာလားကွ....စကိတ်ပြိုင်စီးရအောင်"
လျှိုထန်းဆိုသည်မှာyibo၏သူငယ်ချင်းတစ်ယောက်ငယ်တည်းကခင်တာမဟုတ်ပေမယ့်ဝါသနာချင်းတူတော့ပေါင်းမိတာ၃နှစ်လောက်ရှိမည်။
"အေး......ပြိုင်တာပေါ့တပွဲပဲရမယ်နော်....ငါသွားစရာရှိတယ် "
"အေးရတယ်လေ..... "
ယူဘင်းတယောက်တော့ပြောမရသောyiboကြောင့်တော်တော်စိတ်ညစ်နေပြီဆိုကာမှလျှိုထန်းရောက်လာတော့အသက်တောင်ထွက်ချင်သွားသလိုပင်........
ကစားပွဲဟာတကယ်ပဲကြည့်ကောင်းခဲ့ပါတယ်။အဓိကကတော့yiboနိုင်သည်ပေါ့။ရှုံးပွဲမရှိလောက်အောင်တော်သည်ကတော့တကယ်ချီးကျူးချင်စရာပင်
"ပြန်မယ်လေအကို........ဘယ်လိုလဲကျွန်တော်မိုက်တယ်မလား"
"ဟုတ်ပါပြီbodiရယ်........ချွေးတွေရွဲနေတာပဲ..မောနေသေးလား"
"အဲ့လောက်တော့ရှိမှာပေါ့....စကိတ်စီးတာကို.......ထားပါတော့ဆေးစစ်ရမှာမလား"
ပြောနေတုံးဝမ်လင်ချောင်စကိတ်ကွင်းသို့ရောက်ချလာသည်။
"ဘာလုပ်အုံးမလို့လဲ......လာသွားမယ်ဆေးစစ်ရပါမယ်ဆိုမင်းကြောင့်ငါအလုပ်ပျက်တယ်ကြားလား"
Yiboကတော့ယူဘင်းကိုမျက်စောင်းထိုး၍ဝမ်လင်ချောင်ကားပေါ်ပါသွားသည်။ယူဘင်းကတော့နောက်မှyiboကားနဲ့ဆေးရုံဆီသို့
Flash back:
Phလာနေသည်ကိုကြည့်လိုက်တော့ယူဘင်းphဖြစ်နေသောကြောင့်ချက်ခြင်းကိုင်လိုက်သည်။
"အေးပြော.......ဘာဖြစ်ပြန်ပြီလဲ "
"ကျွန်တော်တို့စကိတ်ကွင်းရောက်နေပါတယ်......ကျွန်တော်လည်းပြောတာပြောမရလို့"
"ဟုတ်ပြီ......ငါစကိတ်ကွင်းလာခဲ့မယ်"
Flash end:
ကားပေါ်တွင်
"ဒီနေ့မင်းကိုကုမယ့်doctorအသစ်တယောက်နဲ့တွေ့ရမယ်......ဆေးရုံအုပ်ကြီးကမိတ်ဆက်ပေးမယ်ပြောတယ်......."
".............."
"ငါပြောတာကြားလား....."
"ဟုတ်"
ဟုတ်ဟုဆိုကာ ကားမှန်အပြင်ကိုငေးနေသည်ကိုသဘောမကျ.......yiboကိုဆွဲ
လှည့်လိုက်တော့အလိုက်သင့်ပါလာသော ခန္ဓာကိုယ်လေး...........အိပ်ပျော်နေတာမဟုတ်ပေမယ့်အသက်ရှူသံကိုအလိုမကျ
ထိတ်ထိတ်ပြာပြာဖြစ်သွားကာ
"သား......yiboအဖေခေါ်တာကြားလား.....သား"
သတိတော့မမေ့ပေမယ့်အခြေအနေကသိပ်မဟန်ချင်...........ဝမ်လင်ချောင်ထူပူသွားပြီးဒါရိုက်ဘာကိုဆေးရုံသို့အမြန်မောင်းခိုင်းကာလက်မှလည်းဆေးရုံအုပ်ကြီးဆီသို့phဆက်နေသည်။
"ဟုတ်ကဲ့သူဌေးကြီးဒီမှာစီစဥ်....................."
"သားဘာဖြစ်သွားပြန်လည်းမသိဘူးဆေးရုံမှာပြင်ပေးထါးပါအုံး....အခုဆေးရုံလာတဲ့လမ်းမှာ"
"အော်..ဟုတ်ဟုတ်ဟုတ်......ပြင်ထားပါမယ်"
Xiaozhan လူနာတွေကုန်လို့နားမယ်ကြံတုံး
ဒုန်း.......... "zhanzhanရေzhanzhan"
YOU ARE READING
သူဌေးသားလေးရဲ့Doctorကိုကို (Complete)
RomanceYizhanကိုbromanceအနေနဲ့ရေးမှာပါ။Sweetလည်းsweetပါမယ်။Dramaလည်းချိုးပါမယ်။(Both Unicode and Zawgyi)