(2)Unicode

15.2K 566 1
                                    

(2)
ဒီနေ့လည်းကျောင်းသွားရမည်ကိုဂျစ်တိုက်ပြီး စကိတ်စီးနေခြင်းဖြစ်သည်။
"bodiရေသူ​ဌေးက​တော်ခေါ်နေပြီတော်ကြာတွေ့သွားမယ်သွားရအောင်"။အဲ့ဒီလိုခေါ်ရတာလည်းရီပေါ်ကတော့ သူ့နာမည်ကိုဒီတိုင်းခေါ်တာထက် ပေါ်တိလို့ခေါ်တာကိုသဘောပိုကျပုံရပြီး ကျွန်တော်တခါခေါ်တိုင်းကျေနပ်သွားတဲ့ရီပေါ်မျက်နှာကြောင့် ကျွန်တော်နောက်ပိုင်း ပေါ်တိလို့သာခေါ်ဖြစ်နေတော့သည်....
"ဟုတ်တယ်ဟုတ်တယ်သွားမယ် တော်ကြာမားမားဒီနေရာကိုသိသွားမယ်မဖြစ်ဖူး"။
"သား....ဘယ်သွားနေတာတုံး....ကျောင်းသွားရမယ်လေ။တကိုယ်လုံးလည်းချွေးတွေနဲ့ပါလား.........နေကောင်းရဲ့လားသား။"
"ကောင်းပါတယ်အမေရဲ့ သားရေချိုးတော့မယ်နော်"ဆိုပြီးပြေးတက်သွားတယ်။
ဝမ်လင်ချောင်ကyiboတို့သားအမိအသံကြားလို့စာဖတ်ခန်းကထွက်လာပြီး
"မိန်းမရေသားဘာဖြစ်လို့လဲ...."
"သားလေးချွေးတွေရွဲလာပြန်ပြီ နေရောကောင်းရဲ့လားမသိဘူး......ကျောင်းသွားခါနီးဘာတွေတနေ့တနေ့လုပ်နေမှန်းကိုမသိဘူး"ဟုဆိုကာထမင်းစားခန်းထဲဝင်သွားပြီးပြင်ဆင်နေသည်။
ဝမ်လင်ချောင်ကတော့သိလိုက်ပြီ......သူ့သားအိမ်အဟောင်းကြီးဆီသွားပြန်ပြီဆိုတာ..........ဒါပေမယ့်သူသိသည်ကိုအရိပ်ယောင်တောင်မပြဘဲထမင်းစားခန်းထဲဝင်ထိုင်လိုက်သည်။ခဏအကြာတွင်yiboနဲ့ယူဘင်းဆင်းလာသည်။ထို့နောက်ထမင်းစားပြီးနောက်ကျောင်းသွားမည်အလုပ်......
"သား.......ဆေးသောက်သွားအုံးလေ...မားဆေးဘူးဟိုပေါ်တင်ထားတယ်"
Yiboထိုဆေးများကိုသောက်ရသည်မှာခါးသောကြောင့်စိတ်ညစ်သော်လည်း........မိဘများစိတ်ချမ်းသာစေရန်ကြိတ်မှိတ်သောက်လိုက်သည်။ပါးစပ်မှလည်း
"အဲ့ဆေးတွေသောက်လည်းကောင်းတာမှမဟုတ်ဘဲနဲ့.........သောက်ရတာစိတ်ညစ်လာပြီ"လို့ပြောပြီးကျောင်းသွားရန်ထွက်လာသည်။
ဝမ်လင်ချောင်တို့ကတော့သက်ပြင်းသာချနိုင်သည်။
.............................................
Xiaozhanဆေးရုံအဝင်ဝသာရှိသေး လူနာများကဒါဇင်ကျော်သည်။ဝင်လာတဲ့သူ့ကိုလည်း လူနာများကဖော်ရွေစွာဆက်ဆံကြသည်။"တို့ဒေါက်တာလေးကတစ်နေ့တစ်ခြားချောလာလိုက်တာ"အဘွားကြီးတစ်ယောက်ကထပြောသည်။ကျန်သူများကလည်း "ဟုတ်တယ်တို့ဒေါက်တာလေးကဖော်ရွေသလို စိတ်သဘောထားလည်းသိပ်ကောင်းတာ"အပြောခံရသူxiaozhanမှာတော့ ဘယ်နှစ်ခါပြောပြောမျက်နှာထားစရာနေရာမရှိလောက်အောင်ကိုရှက်နေလေတယ်။ဒေါက်တာလေးရဲ့စားပွဲပေါ်တင်ထားသောအမည်ဆိုင်းဘုတ်မှာရေးထားသည်က"Heart surgery Doctor Xiaozhan"
...................................................................

သူဌေးသားလေးရဲ့Doctorကိုကို (Complete)Where stories live. Discover now