သာယာလှသောမနက်ခင်း ငှက်ကလေးတွေတေးသံသီကျူးနေသည်မှာကြည်နူးဖွယ်ရာပင် xiaozhanသည်လည်းမနက်ခင်းလေကိုရှူရင်းတစ်နေ့တာအတွက်စီစဉ်နေသည်။
"သားရေနိုးပြီလား ထမင်းစားသွားအုံးနော် ထမင်းပြင်ထားတယ်။"
"မစားတော့ဘူးအမေရေနောက်ကျတော့မယ် ကျွန်တော့လူနာတွေကစောင့်နေတော့မှာ သွားပြီ"
ဟုဆိုကာပါမုန့်ပါးစပ်က ကိုက်လျက်ကားမောင်းထွက်သွားတော့သည်။
"aww....ဒီကလေးကတော့ ထမင်းမစားပဲ ပါမုန့်ပါးစပ်က ကိုက်သွားပြန်ပြီ။သူ့လူနာကသာအမြဲအရေးကြီးတယ် ကိုယ့်အတွက်တော့ကိုယ်ဂရုမစိုက်ဘူး။"
ဟုဆိုကာပြောကျန်ခဲ့သည်။
................................................
တစ်ဖက်အိမ်တွင်လည်း
"သားရေ......သားyibo.......ဟယ်တော်ဘယ်ရောက်သွားပြန်လဲ။"
ကုတင်ပေါ်တွင်ရှုပ်ပွလျက်လူကိုမတွေ့
"ယူဘင်းရေ.......ယူဘင်း......."
"ဟုတ်သူဌေးကတော်......လာပါပြီ ဗျ.............ဘာခိုင်းမလို့လဲမသိဘူး။"
"သားရေ.....yiboဘယ်မှာလဲ....ခေါ်တာလဲမရဘူး။"
ယူဘင်းလည်းထူပူသွားသည်။yiboဒီတခါပျောက်ရင်သူ့ကိုသူဌေးကြီးကပြင်းပြင်းထန်ထန်အပြစ်ပေးတော့မယ်။ဟိုတခါလည်းပျောက်သွားတာဆေးရုံအထိရောက်သွားလို့သူ့ကိုတစ်ခါ warning ပေးပြီးပြီ ဒီတခါတော့သွားပြီဟုဆိုကာ yiboအမေကို စိတ်မပူစေရန်ပြောပြီး ခြံထဲရှိအိမ်ဟောင်းတခုသို့အပြေးလာသည်။ရောက်သွားတော့ထင်သည့်အတိုင်းပင် yiboစကိတ်စီးနေသည်။yiboကအိမ်ဟောင်းထဲတွင်ဘယ်သူမှမသိအောင်စကိတ်ကွင်းလုပ်ထားသည်လေ တော်သေးတာပေါ့ဒါတောင်yiboသွားတာတခါနောက်ယောင်ခံလိုက်လို့တွေ့တာနို့မို့တွေ့မှာမဟုတ်။ယူဘင်းသည်လည်းyiboကအယုံကြည်ရဆုံးသက်တော်စောင့်ဖြစ်တာကြောင့်မို့လို့သူ့ကိုအကုန်ပြောပြသည်။ထို့ကြောင့်လည်းယူဘင်းအလုပ်မြဲသည်မဟုတ်လား။နို့မို့သူဌေးကြီးကန်ထုတ်တာကြာရောပေါ့။😁သူဌေးကြီးအလုပ်မဖြုတ်သည်မှာသူ့သားအတွက်အကိုကောင်းတယောက်လိုသာမက သူ့သားမပြောသောလှို့ဝှက်သောကိစ္စများကိုပါ ယူဘင်းကတစ်ဆင့်သိနိုင်သောကြောင့်ဖြစ်သည်။
Yiboမှာတရုတ်ပြည်၏ဒိတ်ဒိတ်ကြဲသူဌေးဝမ်လင်ချောင်သားဖြစ်သည်။သူဌေးကြီးကyiboကိုအလိုလိုက်ချင်သော်လည်း yibo၏ရောဂါအခံကြောင့်အလိုမတူ yiboကလည်းဆိုင်ကယ်ပြိုင်ပွဲ စကိတ်ပြိုင်ပွဲတို့ကိုလူမသိအောင်သွားသွားပြိုင်သည်။ယူဘင်းကတော့မပါမဖြစ် သူ့နောက်တကောက်ကောက်လိုက်ရသည်ပေါ့။yiboကသူ့မိဘများတော့မပြောပေမယ့် ယူဘင်းတော့ဘာလုပ်မည်ဆိုတာကိုပြောသည်။ထိုသို့ပြောသည်ကိုပဲကျေးဇူးတင်ရမည်ပေါ့။
A/N Zawgyiဖတ်သူများfeedbackပေးလျှင်unicodeနဲ့သာပေးပါရန်😁
YOU ARE READING
သူဌေးသားလေးရဲ့Doctorကိုကို (Complete)
RomanceYizhanကိုbromanceအနေနဲ့ရေးမှာပါ။Sweetလည်းsweetပါမယ်။Dramaလည်းချိုးပါမယ်။(Both Unicode and Zawgyi)