Yiboကိုကြည့်တော့တစ်ယောက်ယောက်ကိုခေါ်နေသလို...........ကျွန်တော်လည်းသူပြောတာကြားရအောင် အနားတိုးလိုက်တော့ကြားရတာက
"ကိုကို .......သား....တောင်း.....ပန်ပါတယ်"
သူဘာကိုတောင်းပန်မှန်းကိုလည်းမသိ.........တကိုယ်လုံးတုန်ပြီး ထိုစကားကိုသာအထပ်ထပ်ပြောနေသည်။
"Bodi.......မကြောက်နဲ့ကောရှိတယ်နော်.......xiaozhanစိတ်ငြိမ်ဆေးလေးသူ့ကိုထိုးပေးပါ။ကောကိုင်ထားပေးမယ်"
"နေပါအုံး...... သူကယောင်နေတာလေစိတ်ငြိမ်ဆေးထိုးစရာမှမလိုတာ.......နှိုးလိုက်မယ်လေ"
"Xiaozhan....... မင်းမသိပါဘူးကွာငါနောက်မှပြောမယ်....စိတ်ငြိမ်ဆေးသာအခုထိုးပေးပါ"
"မထိုးပေးနိုင်ဘူး..........တော်ကြာဆေးမှားသွားရင်ဘယ်လိုလုပ်မလဲ......သူကဆေးပြင်းတွေမှမတည့်တာ"
"ဟိုကဆေးသေတ္တာထဲမှာသူ့အတွက်ဆေးအပျော့စားရှိတယ်။အဲ့ဒါထိုးပေးရမယ် နို့မို့ ဒုက္ခရောက်တော့မယ်"
ယောင်နေတာကိုစိတ်ငြိမ်ဆေးထိုးပေးရအောင်မှမဆိုးတာ.......သူပြောသမျှကိုကျွန်တော်နားမလည်.....ဘာကိုဒုက္ခရောက်မှာလဲ
"ကိုကို!................."
ကျွန်တော်တွေးနေစဥ်ကုတင်ပေါ်တွင်ငုတ်တုတ်ထိုင်လိုက်ကာ အော်လိုက်သောyiboကြောင့် ကျွန်တော့်မှာဘာလုပ်ရမှန်းမသိ
"Bodi........ဘာမှမဖြစ်ဖူးနော်....ကောရှိတယ်မကြောက်နဲ့နော်"
ကျွန်တော်ကyiboကိုမကြောက်ဖို့စကားတွေပြောနေသော်လည်း ကျွန်တော့်လက်ထဲကအတင်းရုန်းထွက်ကာပြေးမယ်လုပ်နေတဲ့yiboကို အတင်းဆွဲထား၍xiaozhanကိုဆေးထိုးရန်သာပြောနေသည်။
"Xiaozhan မြန်မြန်ထိုးလိုက်တော့......ကောဆွဲထားမယ်"
"ဟုတ်....ဟုတ်"
ကျွန်တော်လည်းပုံမှန်လို့ထင်နေပေမယ့်.......yiboက ကောယူဘင်းလက်ထဲကရုံးထွက်ရန်လုပ်နေသောကြောင့် ကျန်တာမေ့ထားပြီးစိတ်ငြိမ်ဆေးထိုးပေးဖို့ yiboလက်ကိုအဆွဲ...ပြန်ဆွဲလာသောyiboကြောင့်ကျွန်တော်ကြောင်သွားသည်။
"ကိုကို........ တောင်းပန်ပါတယ်...... ကျွန်တော့်ကြောင့်........ကိုကို.. ......တောင်းပန်ပါတယ် "
YOU ARE READING
သူဌေးသားလေးရဲ့Doctorကိုကို (Complete)
RomanceYizhanကိုbromanceအနေနဲ့ရေးမှာပါ။Sweetလည်းsweetပါမယ်။Dramaလည်းချိုးပါမယ်။(Both Unicode and Zawgyi)