(37)Both Unicode and Zawgyi

5.8K 364 13
                                    

(Unicode)
"ဆရာ......ကျွန်တော့်သားအခြေအနေ"

"ကျွန်တော်အစောပိုင်းကပြောခဲ့သလိုပါပဲ.......yiboကသူ့အကိုပျောက်သွားတာ သူ့ကြောင့်လို့တထစ်ချယုံကြည်နေပါတယ်။ပြီးတော့......လူစိမ်းတွေကိုကြောက်တယ်လို့ပြောလို့ရပေမယ့်အဲ့ပြဿနာကတော့နည်းနည်းပါပါးပါပဲ......."

"ဒါဆို........ကုလို့ရမလားဆရာ....အရင်ကလည်းကုဖူးပေမယ့်မတိုးတက်လာလို့ပါ"

"လူစိမ်းကြောက်တဲ့ပြဿနာကတော့.....ကျွန်တော်သူမသိ​အောင်စကားလုံးတွေ.....အပြောအဆို....အပြုအမူတွေနဲ့သူငယ်ချင်းပေါင်းသလိုပေါင်းပြီးပျောက်အောင်ကုသပေးပါမယ်။"

"ကျေးဇူးတင်ပါတယ်ဆရာရယ်"

"ရပါတယ်........ဒါပေမယ့်လေစိတ်ပိုင်းဆိုင်ရာကုထုံးတမျိုးတော့ခံယူရမယ်။"

"ဘယ်လိုကုထုံးမျိုးလည်းဆရာ..."

"အိမ်မွေ့ချကုထုံး......"

"ဆရာ.....အဲ့ဒါကလေသူမေ့နေတာကိုဆွပေးသလိုဖြစ်မနေဘူးလားဟင်။ကျွန်တော်တို့တစ်ခါကြိုးစားတုံးကဆိုရင်စဖြစ်တုံးကလိုပြန်ဖြစ်လို့ အဲ့ကုသနည်းကိုပယ်ထားတာဆရာ"

"အခုကအိပ်မွေ့ချပြီး.....ဆေးနဲ့ပါအကူအညီယူပြီးကုပေးမှာပါ။အခုတော့မဟုတ်သေးဘူးပေါ့။သူကျွန်တော့်ကိုခင်လာပြီဆိုမှ...ကုပေးမှာပါ....ဒီတိုင်းချက်ခြင်းမလုပ်သေးပါဘူး"

"ဟုတ်ကဲ့ပါ......ဒါဆိုလိုအပ်သလိုကျွန်တော်တို့ကိုပြောပါ"

"ပြောပါ့မယ်......ကျွန်တော့်ကိုခွင့်ပြုပါအုံးသူ့ကိုမနက်ဖြန်ခေါ်ဖို့ကျွန်တော့်အကိုကိုပြန်ပြောရအုံးမယ်"

"တကယ်ပဲ ဆရာ့အကိုကအဲ့ကုမ္မဏီကလား"

"ဟုတ်တယ်.......ကျွန်တော့်မှာအကိုနှစ်ယောက်ညီမနှစ်ယောက်ရှိတယ်.....အကုန်လုံးတယောက်ကိုစီးပွားရေးတမျိုးစီနဲ့ကျွန်တော်တစ်ယောက်ပဲဆရာဝန်ပေါ့"

"အော်......အဲ့လိုကိုး"

"သွားလိုက်ပါအုံးမယ်.......လိုအပ်တာရှိလည်းဖုန်းဆက်ပါအားမနာပါနဲ့"

"ရပါတယ်.....ကျေးဇူးပါဆရာရယ်"

"ရမ်........ဒီတစ်ခါတော့ငါ့တို့သားငယ်ကိုကုသလို့ အဆင်ပြေမယ်လို့ငါယုံကြည်တယ်"

သူဌေးသားလေးရဲ့Doctorကိုကို (Complete)Where stories live. Discover now