"ဒီဟာလေး.....yiboကြိုက်ရဲ့လား"
Yiboထိုပစ္စည်းလေးကိုကြည့်လိုက်တော့......ဆိုင်ကယ်ရုပ်သော့ချိတ်လေး "ဟာ......ဆိုင်ကယ်ရုပ်လေးပဲ"
"ကြိုက်ရဲ့လား.. "
"အင်း.....ကြိုက်တယ်ကော..အစိမ်းရောင်လေး"
Yiboမျက်လုံးများကဝင်းပလျက်.....ဝမ်လင်ချောင်နဲ့သူ့အမေကိုပြနေသည်။
"Doctor ကသားအကြိုက်ကိုသိတာပဲ"
"သူကအဲ့လိုမျိုးတွေဝါသနာပါတယ်ဆိုလို့......လမ်းမှာမနေ့ကတွေ့လို့ဝယ်ထားတာပါသူဌေးကြီး....ကြိုက်လို့တော်သေးတာပေါ့"
Yiboကတော့ကုတင်ပေါ်တွင်ကလေးတယောက်အလား.....သော့ချိတ်ကိုင်ကာပျော်နေသည်။
ခဏအကြာ
"သွားပြီဆရာတို့ရေ....ကျေးဇူးပါနော် "
"လိုတာရှိရင်ခေါ်လိုက်မယ်နော်doctor xiaozhan"
"ဟုတ်ရပါတယ်"
Yiboတယောက်တော့.......နှုတ်တောင်မဆက်ဘဲ...ကားပေါ်ထိုင်ကာသော့ချိတ်နဲ့အလုပ်ရှုပ်နေသည်။
........................................,....
"Xiaozhan မင်းဘယ်တုံးကဝယ်လိုက်တာလဲကွ......ငါတောင်မသိဘူး"
"မနေ့ကညကလေ.......ငါသန်းခေါင်ကျော်လောက်ဗိုက်ဆာလို့မုန့်သွားဝယ်တာ.........အဲ့မှာသော့ချိတ်လေးတွေချိတ်ထားတာတွေ့လို့ငါ့လူနာတွေထဲမှာကလေးတွေပါရင်အငိုတိတ်အောင်ပေးဖို့ဝယ်တာအရုပ်လေးတွေရွေးရင်းဆိုင်ကယ်ပုံစံလေးဆိုတော့yiboကြိုက်လောက်မယ်ထင်ပြီးဝယ်လာတာ......သူကလည်းကလေးတစ်ဝက်လူကြီးတစ်ဝက်ဆိုတော့"
"ဟုတ်တယ်.....yiboကဆိုင်ကယ်တို့စကိတ်တို့ဆိုသိပ်ကြိုက်တာ.....သူ့အိမ်မှာလည်းအရုပ်တွေဆိုတာပုံစံမျိုးစုံဆိုဒ်မျိုးစုံ"
"သူကြိုက်တယ်ဆိုလို့ကျေနပ်ပါတယ်ကွာ....ကျန်းချန်ရာငါမှာပေးပြီးမှမကြိုက်မှာစိုးလို့"
"ဒါတောင်ဆိုင်ကယ်ဝယ်ခိုင်းတာ.......သူ့အဖေကအတင်းပြောပြီးမဝယ်ပေးတါ ဒီပုံစံနဲ့ ဆိုင်ကယ်စီးရင် ရောဂါပိုဆိုးဖို့ပဲရှိတော့တယ်.......အခုတောင်နှစ်ပတ်တခါလောက်ထထဖောက်နေတာ"
.......................................................
ကားပေါ်တွင်ဝမ်လင်ချောင်ကရှေ့ခုံကထိုင်ကာyiboတို့သားအမိကနောက်ခုံမှာထိုင်လာသည်။ယူဘင်းကမူနောက်ကနေyiboကားကိုမောင်းလာသည်။
"မိန်းမရေ သား......."
"အကိုရေ.....တိုးတိုးနေသားအိပ်ပျော်သွားပြီ"
"ဟင်ဟုတ်လား...........ဆေးစစ်ထားရတော့ပင်ပန်းနေတာနေမယ်"
Yiboကတော့လက်ထဲမှာသော့ချိတ်လေးကိုင်လျက်အိပ်မောကျနေသည်။
အိမ်ရောက်တော့ဝမ်လင်ချောင်မှာအိပ်ပျော်နေသောသားကိုမနှိုးရက်......ယူဘင်းကိုခေါ်၍
"ယူဘင်းရေ.....yiboကိုကုန်းပိုးခေါ်သွားလိုက်မနှိုးနဲ့တော့"
"ဟုတ်ကဲ့....."
ယူဘင်းရဲ့ကိုယ်ပေါ်ကyiboကတော့အအိပ်ဆတ်သူမဟုတ်တာကြောင့်မနှိုး......ယူဘင်းyiboကိုကုတင်ပေါ်အသာချပြီးတွေးမိသည်။ယူဘင်းရဲ့အဖေကyibo၆နှစ်သားလောက်တုံးကဝမ်လင်ချောင်ရဲ့သက်တော်စောင့်.......ယူဘင်းကထိုအချိန်တည်းကyiboကိုအကိုလိုစောင့်ရှောက်ပေးလါတာဆော့တော့လည်းတူတူ.......yiboကြီးလာတော့သူလည်းသက်တော်စောင့်သင်တန်းဆင်းပြီးyiboသက်တော်စောင့်အဖြစ်အလုပ်လုပ်သည်။ ကုမ္ပဏီတစ်ခုမှာအကျိုးတူလုပ်ရင်းကအလိမ်ခံရပြီးအကြွေးနစ်နေတဲ့သူတို့မိသားစုကိုဝမ်လင်ချောင်ကနေရာပေးထားသောကြောင့်သူတို့မှာစားဝတ်နေရေးအဆင်ပြေခဲ့တယ်။အဲ့ဒါကြောင့်ပဲဝမ်လင်ချောင်တို့မိသားစုဆီမှာဆက်ပြီးအလုပ်ဝင်ဖြစ်တာ...........ထို့ကြောင့်yiboအကြောင်းသူကောင်းကောင်းသိသည်။အခုလည်းyiboက ကလေးပမာသော့ချိတ်လေးကိုင်ကာအိပ်ပျော်နေသည်။ထိုသို့နေထိုင်သည့်yiboကိုအပြစ်မမြင်မိ ဝမ်လင်ချောင်တို့လင်မယားမှာyiboကိုချစ်တာမှန်သော်လည်း.........yiboငယ်စဥ်တုန်းကအလုပ်ကိစ္စများလို့yiboအနားမရှိခဲ့ တစ်ပတ်နေလို့တစ်ခါမျှသာတွေ့ရသည်။ထိုအချိန်က yiboအမေလည်းကျောက်မျက်ရတနာပြခန်းဖွင့်ထားလို့ yiboကိုတခြားကလေးတွေလိုရင်အုပ်မကွာအပြည့်အဝစောင့်ရှောက်မပေးနိုင်........yiboအိမ်ကြီးတစ်အိမ်လုံးမှာသူတယောက်တည်းအိမ်ဖော်တွေနဲ့နေရသည်ကများသည်။ထို့ကြောင့်လည်း အရုပ်များနဲ့သူအကြိုက်ဆုံးပစ္စည်းများကသာသူ့အတွက်အဖော်မွန်လိုဖြစ်နေသည်။yiboမှာလူကြီးဟန်ဆောင်ထားသောကလေးတယောက်သာသာ သာဖြစ်သည်။ထို့ကြောင့်yiboကအဖော်အရမ်းခင်သည်။ရန်သူဟူသည်လည်းမရှိသလောက်.......ကျောင်းမှာဆိုပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်cool boyတယောက်ပေါ့ သို့သော်ထိုcool boyဆိုသောimageသည်အပေါ်ယံအဖုံးအကာတခုဆိုတာကိုတော့ဘယ်သူမှသတိထားမိမှာမဟုတ်ချေ။
YOU ARE READING
သူဌေးသားလေးရဲ့Doctorကိုကို (Complete)
RomanceYizhanကိုbromanceအနေနဲ့ရေးမှာပါ။Sweetလည်းsweetပါမယ်။Dramaလည်းချိုးပါမယ်။(Both Unicode and Zawgyi)